တောင်ကြီးမြို့ အရက်မူးသူကို သွားဖမ်းသည့် ရဲနှစ်ဦး ဓားဖြင့်ခုတ်ခံရ

တောင်ကြီးမြို့ အရက်မူးသူကို သွားဖမ်းသည့် ရဲနှစ်ဦး ဓားဖြင့်ခုတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် အရက်သောက်ပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦးကို ရဲနှစ်ဦးက သွားရောက် ဖမ်းဆီးနေစဉ်အတွင်း ဓားဖြင့်ခုတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က အရက်အလွန်အကြူးသောက်ပြီး သောင်းကျန်းနေသော ပြည်သူတစ်ဦးကို ရဲနှစ်ဦးက သွားရောက် ဖမ်းဆီးနေစဉ် ၎င်းက ဓားဖြင့်ပြန်လည်တိုက်ခိုက် လိုက်သဖြင့် ရဲနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့မစခန်းက ရဲတပ်သားတစ်ယောက်နဲ့ နယ်ထိန်းရဲတွေလို့ ကြားတယ်။ အရက်မူးတဲ့သူကို သွားဖမ်းရင်း ဓားနဲ့ခုတ်ခံရတာ။ ထိခိုက်ဒဏ်ရာတွေတော့ သေချာမသိရဘူး။ အရက်မူးတဲ့သူကို စစ်တပ်က ဖမ်းသွားတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြစ်မှုကျူးလွန်နေသော ပြည်သူတစ်ဦးကို တောင်ကြီးမြို့မရဲစခန်းမှ ဖမ်းချုပ်နှောင်ထားကြောင်း ထိခိုက်ဒဏ်ရာ ရရှိသော ရဲနှစ်ဦးမှာလည်း ဆေးရုံတွင်ဆေးကုသခံနေရကြောင်း သိရသည်။

“ဘုရားဖြူ ရပ်ကွက်က လူပေါင်းစုံနေတဲ့နေရာ၊ လောင်းကစားဝိုင်းလည်းရှိတယ်။ ရပ်ကွက်က ရ.ပ.ခ တပ်စခန်းနဲ့လည်း နီးတယ်။ သူတို့ပိုက်ဆံရချင်လို့ သွားလုပ်တာနေမှာပေါ့ “ ဟု ဒေသခံတစ်ဦး ထပ်လောင်း ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးတွင် တောင်ကြီးမြို့အပါအဝင် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များလည်း လောင်းကစားဝိုင်းများ ပေါများလာပြီး မူးယစ်ဆေးဝါး သုံးစွဲသူလည်း ပေါများခြင်းကြောင့် နေ့စဉ်ဆက်တိုက် လုယက်မှုများ၊ ဓားပြတိုက်မှုများ ရှိလာနေကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...