စစ်တွေတွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်တွေတွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့်ညဥ့်အချိန်က စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ စစ်တွေမြို့၊ စက်ရုံစုကယ်ဆယ်ရေးတွင်နေထိုင်သည့် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်လှိုင်၊ ဦးထွန်းဝင်းနိုင်၊ ဦးခင်မောင်ဇော်နှင့် စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ဦးမောင်ဆန်းဌေးတို့ဖြစ်ကြသည်။

သူတို့သည် ယနေ့ အောက်တိုဘာလ ၁၄ ရက် ညဥ့် ၁ နာရီခန့်တွင် စက်ရုံစု ရပ်ကွက်ရှိ ကယ်ဆယ်ရေးသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဧည့်စာရင်းဝင်စစ်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“သူတို့က အတူတူရှိနေကြတာတော့ မဟုတ်ဘူး။ ကျောင်းဆရာဆိုသူ အသက်ကြီးကိုတော့ အိမ်ကနေဖမ်းသွားတာ။ ကျန်တဲ့သူတွေကိုတော့ ဟိုနားက တစ်ယောက်၊ ဒီနားက တစ်ယောက် ဖမ်းသွားတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျမမောင်လေးလည်း ပါသွားတယ်။ ဘာကြောင့်ဖမ်းလည်းတော့ မသိဘူး”ဟု ပြောသည်။

ဖမ်းဆီးခံလိုက်ရသူများသည် အသက် ၃ဝ ကျော်မှ ၄ဝ ဝန်းကျင်အတွင်းရှိပြီး ယင်းအနက် အသက်ကြီး ကျောင်းဆရာဆိုသူတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

ကျောင်းဆရာမှအပ ကျန် ၄ ဦးသည် လက်သမားအလုပ်နှင့် ကြုံရာကျဘန်း လုပ်ကိုင် စားသောက်သူများဖြစ်သည်ဟု ဖမ်းဆီးခံလိုက်ရသူတစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။

“ပြန်တော့ လွှတ်ပေးစေချင်ပါတယ်။ သူတို့မှာလည်း အပြစ်ရှိတာမဟုတ်ဘူး။ အလုပ်လုပ်စားနေကြတာ။ ဆင်းရဲပင်ပန်းတယ်။ ကျမမောင်လေးက အများကြီး ဆင်းရဲပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသူ ၅ ဦးကို မည်သည့်နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိရသည့်အတွက် သူတို့နှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေရသည်ဟု မိသားစုဝင်များက ဆိုကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...