တံတား ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး

တံတား ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အဝင်အထွက် တံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တံတားကြီးရှိ စစ်ဆေးရေးဂိတ်ကို သောကြာနေ့ ညနေ လေးနာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ များလည်းရှိသည် ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နောက်ပိုင်း စစ်ကူရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များနှင့်အတူ ၎င်းတို့အား လာရောက်တိုက်ခိုက်သူများကို မြစ်ကမ်း တလျှောက်တွင် တောနင်းရှာဖွေမှုများပြုလုပ်ခဲ့ ကြသည်။

“နှစ်ဘက် အပြန်အလှန်ပစ်ခတ်သံတွေရော လက်နက်ကြီးတဂျိမ်းဂျိမ်းနဲ့ အသံတွေပါ ဆူညံနေတာကြောင့် အိပ် ရာက လန့်နိုးသွားတာ။ မှောင်နေသေးတော့ တံခါးတောင် ဖွင့်မကြည့်ရဲဘူး။ နားစွင့်ပြီးနေရတယ်၊ မနက်မိုးလင်း မှ ကလိန်အောင် တံတားဂိတ်မှာ ပစ်ခတ်ခံရမှန်းသိတာ” ဟု ကလိန်အောင်မြို့မှ အသက် ၄၀ နှစ်ခန့်အရွယ် အမျိုး သားတစ်ဦး က ပြောသည်။

ကလိန်အောင်မြို့က နာရေးကားများအပြင် အရပ်ထဲကကားများဖြင့်ပါ စစ်ကောင်စီတပ်သားများ၏ အလောင်း များနှင့် ဒဏ်ရာရသူများကို ကလိန်အောင်မြို့ ဆေးရုံသို့ သယ်ယူပို့ဆောင်နေသည်ကိုလည်း တွေ့မြင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နံနက်ပိုင်းတွင် ကလိန်အောင်တံတားမှ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူ များနှင့် ကား၊ ဆိုက်ကယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တားဆီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခု ပစ်ခတ်တိုက်ခိုက်ခံရသည့် ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်သည် ခရီးသွားလာသူများအား မှတ်ပုံ တင်နှင့် COVID-19 ကာကွယ်ဆေးထိုးပြီးကြောင့် လက်မှတ်များကို စစ်ဆေးခြင်း၊ အမျိုးသမီးများအား မဖွယ်မရာ ပြုမူလေ့ရှိသည့်အပြင် ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးကာ ငွေကြေး အဆမတန်တောင်းယူလေ့ ရှိသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ရေး-ထားဝယ် ကားလမ်းတလျှောက်တွင် စစ်ဆေးမှု အတင်းကြပ်ဆုံး ဂိတ်တစ် ဂိတ် ဖြစ်သည်ဟုဒေသခံများက ပြောသည်။

သို့သော် ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်း ကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်မူ ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

July 14, 2026
မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝန်း၏ ကြားနေသည့် သဘောထားသည် စစ်တပ်က အရပ်သား...
July 14, 2026
စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်...
July 13, 2026
စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့်...
July 13, 2026
ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး...