၁၄ ကြိမ်မြောက် နိုင်ငံတကာအလှမောင်ပြိုင်ပွဲတွင် ရခိုင်လူမျိုးစံသာက နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်

၁၄ ကြိမ်မြောက် နိုင်ငံတကာအလှမောင်ပြိုင်ပွဲတွင် ရခိုင်လူမျိုးစံသာက နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်

၁၄ ကြိမ်မြောက် နိုင်ငံတကာ အလှမောင်ပြိုင်ပွဲတွင် ရခိုင်လူမျိုးဖြစ်သည့် Mister စံသာက မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။

အဆိုပါပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် လာမည့်အောက်တိုဘာလ ၂၀ ရက်၌ စတင်ကျင်းပမည်ဖြစ်ပြီး  နိုင်ငံပေါင်း ၄၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ရခိုင်လူမျိုးတစ်ဦးဖြစ်သည့် မော်ဒန်ကိုစံသာက မြန်မာနိုင်ငံကိုယ်စားပြု ဝင်ပြိုင်ရခြင်း အပေါ် ဂုဏ်ယူကြောင်း၊ အပြိုင်ချင်ဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊ ယခု ဝင်ပြိုင်ခြင်းသည် သူ၏နောက်ဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်အပြိုင်ချင်ဆုံး ပြိုင်ပွဲတစ်ခုဆိုလည်း ဟုတ်တယ်။ ဒီနိုင်ငံတကာပွဲမှာ ကျွန်တော်ရဲ့ အသက်အရွယ်အပိုင်းအခြားနဲ့ ဆိုရင် နောက်ဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်အနေနဲ့ အသေအချာ ဆုံးဖြတ်ချက်ချပြီးမှ ဝင်ပြိုင်တာဖြစ်တယ်" ဟု ပြောသည်။

နိုင်ငံကိုယ်စားပြုဝင်ပြိုင်ရခြင်းအတွက် ပခုံးပေါ်တွင် တာဝန်တစ်ခုရှိနေသည်ဟု ခံစားရပြီး ပြိုင်ပွဲအတွက်လည်း အကောင်းဆုံးလုပ်ဆောင်နေသည်ဟု ဆိုသည်။

ကိုစံသာက "ဒီပြိုင်ပွဲက အနိုင်ရရင်တော့ Mister International 2022 ဖြစ်လာမယ်။ ဥပမာ သာမန်ထက် အခု ကျွန်တော်က စံသာဖြစ်နေရင်။ ကျွန်တော်နောက်က (Mister International ) စံသာ ဖြစ်လာမယ်"ဟု ပြောသည်။

မော်ဒန်ကိုစံသာသည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ဇာတိဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း Mister Grand Myanmar 2019 ကို ဝင်ပြိုင်ခဲ့သည်ဟုလည်း သိရသည်။

မော်ဒန်ကိုစံသာသည် စစ်တွေတွင် Akyab Star အမည်ရှိ မော်ဒန်အနုပညာ သင်တန်းတစ်ခုကိုလည်း ထူထောင်ဖွင့်လှစ်ထားသူဖြစ်သည်။

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...