မောက်မယ် ကဒူးကြီး ဒေသအတွင်း PNLO နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

မောက်မယ် ကဒူးကြီး ဒေသအတွင်း PNLO နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့
တိုင်းရင်းသားလက်နက်ကိုင်တပ်သားများ ကျေးရွာတွင်း တွေ့ရစဥ်
တိုင်းရင်းသားလက်နက်ကိုင်တပ်သားများ ကျေးရွာတွင်း တွေ့ရစဥ်

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/ PNLA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် PNLO/PNLA နှင့် RCSS/ SSA တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PNLO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြောရရင် ကဒူးကြီးဒေသက ကျနော်တို့ သွားလာလှုပ်ရှားနေတဲ့ နယ်မြေဖြစ်နေတာလေ၊ ကျနော်တို့ တပ်ဖွဲ့သားတွေ လုံခြုံရေးအရ လှည့်ပတ်သွားလာနေတဲ့ အချိန် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး ပစ်ခတ်မှု ရှိခဲ့တာပါ၊ ကျနော်တို့ တပ်သား နှစ်ယောက် ရှပ်ထိ ဒဏ်ရာရတယ်၊ သူတို့ဘက်တော့ မသိရဘူး” ဟု PNLO/PNLA မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကဒူးကြီးဒေသသည် PNLO/PNLA ထိန်းချုပ်နယ်မြေဖြစ်သည့် အလျောက် NCA သဘောတူစာချုပ် အရ နယ်မြေအတွင်း RCSS/SSA ဝင်ရောက်လှုပ်ရှားပါက အကြောင်းကြားသင့်ကြောင်း PNLO/PNLA တာဝန်ရှိသူက ဆက်ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်စဥ်များနှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ထံ ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

RCSS နှင့် PNLO တပ်ဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်လည်းဖြစ်သည်။

ထို့ပြင်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်သည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...