မိုင်းကိုင်မြို့နယ် တိုက်မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ

မိုင်းကိုင်မြို့နယ် တိုက်မိုင်းပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
တိုက်မိုင်း
တိုက်မိုင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်စက်ကျေးရွာအုပ်စုမှ ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက်ကျေးရွာ ကြားတွင် တိုက်မိုင်းလေးလုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖောင်းဆိုင်ကျေးရွာ နှင့် ကွန်ကောက် ကျေးရွာမှ ကျေးရွာချင်းဆက် လမ်းကြားတစ်နေရာတွင် တိုက်မိုင်း လေးလုံးပေါက်ကွဲပြီးနောက် အမျိုးသား တစ်ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း  သိရသည်။

“ဖောင်းဆိုင်ရွာ နဲ့ ကွန်ကောက်ရွာကြားက ပေါက်ကွဲမှုဖြစ်တာပါ၊ လယ်ယာသွားနေတဲ့ အသက် ၃၀ နီးပါး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်၊ တိုက်မိုင်း လေးလုံးက ရှေ့ဆင့်နောက်ဆင့် ပေါက်သွားတယ်။ ရွာထဲ ကနေပြီး အသံတွေ ကြားရတယ်” ဟု ပန်စက်ကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမှာ လက်ရှိတွင် ဆေးကုသမှု ခံယူနေပြီး မည်သည့်တပ်ဖွဲ့မှ တပ်ဆင်ထားသည့် တိုက်မိုင်းဖြစ်သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် မိုင်းကိုင်မြို့နယ် ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

“မနက်ပိုင်းမှာ RPG- 2 လက်နက်ကျတယ်၊ ညနေရောက်တော့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်တယ်၊ ဆိုတော့ တော်တော်စိုးရိမ်စရာကောင်းပါတယ်၊ ဘယ်အဖွဲ့ကပဲ လုပ်လုပ် ပြည်သူတွေနဲ့ ဝေးတဲ့နေရာ ပြည်သူတွေ ထိခိုက်မှုမရှိတဲ့ နေရာမှာ လုပ်ရင်တော့ ကောင်းတာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ်မှ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များမှာ စစ်ကောင်စီ တပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေကြောင်း သိရှိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...