မန္တလေးတွင် ဆန္ဒပြသူအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ပျူဒလန်အုပ်ကြီးဆိုသူ အသတ်ခံရ

မန္တလေးတွင် ဆန္ဒပြသူအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ပျူဒလန်အုပ်ကြီးဆိုသူ အသတ်ခံရ

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ပျူစောထီးခေါင်းဆောင်ဆိုသူ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လေးချက်ပစ်ခံရပြီး သေဆုံးကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ ဦးအောင်ဆန်းဆိုသူဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် လမ်း ၈၀၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ၊ ကျွန်းလုံးဥသျှောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ဒေသခံများ၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

“ပျူဒလန်အကြီးစား အုပ်ကြီးအောင်ဆန်းကို လူနှစ်ယောက်ကပစ်သွားတာပါ။ သူ အပြင်ကနေအိမ်ပြန်အလာ အိမ်ရှေ့ ရောက်လို့ ကားပေါ်ကနေ ဆင်းဆင်းချင်းပဲ အပစ်ခံလိုက်ရတာ။ လေးငါးချက်လောက်အပစ်ခံလိုက်ရတာ။ သူ့ကားပေါ်မှာလည်း သေနတ်ပါတယ်။ သူ့မိန်းမဆိုရင် အဲဒီသေနတ်ကိုင်ပြီး တရမ်းရမ်းလုပ်နေသေးတယ်၊ အုပ်ကြီးကတော့ နေရာမှာတင်ပွဲချင်းပြီးသေတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့သူသည် မြတောင်စစ်ကြောင်း ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြအမျိုး သမီးငယ်တစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သူဖြစ်သည်ဟု မန္တလေးမြို့ တော်လှန်ရေး အင်အားစုများ က ဆိုသည်။

လက်ရှိအချိန်ထိ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သေဆုံးသူ၏ နေအိမ်ဝန်းကျင်ကို စစ်ကောင် စီတပ်သားများ ပိတ်ဆို့ စစ်ဆေးနေကြောင်းသိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း၊ ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးတင်မောင်ဝင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး အဆိုပါပစ်ခတ်မှုကို Mahar Revolution Force(MRF) ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...