မန္တလေးတွင် စစ်ကောင်စီတပ်ကြပ်ကြီး ၂ ဦး အပြန်အလှန်ပစ်ခတ် ၁ ဦးပွဲချင်းပြီးသေ

မန္တလေးတွင် စစ်ကောင်စီတပ်ကြပ်ကြီး ၂ ဦး အပြန်အလှန်ပစ်ခတ် ၁ ဦးပွဲချင်းပြီးသေ

မန္တလေးတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအစောင့်များဖြစ်ကြသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး၊ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်ဘေး ၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အောက်တိုဘာ ၉ ရက် နေ့လယ် ၃ နာရီခန့်၌ အရက်မူး၊ စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဟုသိရသည်။

“ တပ်ကြပ်ကြီးနှစ်ယောက် အရက်မူးပြီးရန်ဖြစ်တာကနေ လက်ထဲသေနတ်အသင့်ရှိနေတော့ အပြန်အလှန်ပစ်ကြတာပါ။ တစ်ယောက်က တပ်ကြပ်ကြီးကျော်မျိုးထွန်းတဲ့၊ ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်က မြတ်နိုးအောင်၊ သူက ဒဏ်ရာနဲ့လို့ပြောတာပဲ။ နန်းတွင်းထဲ သယ်သွားတာတွေ့လိုက်ရတယ်” ဟု ရဲတပ်ဖွဲ့အသိုက်အ၀န်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဆိုပါလျှပ်စစ်ရုံးသည် မန္တလေးမြို့၏အထင်ကရ မြတောင်ဘုန်းကြီးကျောင်းနှင့်လမ်းတစ်ဘက်ခြားတွင်တည်ရှိသည်။

ထို့အပြင် လျှပ်စစ်ရုံး၀င်းအတွင်းမှနေ၍ နေ့စဉ်နှင့်အမျှ အော်ဟစ်ဆဲဆိုသံများကြားနေရကြောင်းနှင့် တစ်ရံတစ်ခါတွင် သေနတ်ပစ်ဖောက် ခြောက်လှန့်သံများလည်းကြားရလေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...