ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDF/PDF များထောင်ထားတဲ့မိုင်းကြောင့် ချင်းအမျိုးသားတစ်ဉီး ပြင်းထန်စွာဒဏ်ရာရ ဆိုတဲ့သတင်းအမှား

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDF/PDF များထောင်ထားတဲ့မိုင်းကြောင့် ချင်းအမျိုးသားတစ်ဉီး ပြင်းထန်စွာဒဏ်ရာရ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Artice-11 News ဆိုတဲ့ အကောင့်ကနေပြီး “မနေ့က ညနေ ၃ နာရီခန့်က ဟားခါးမြို့၊ ထာရ် (၂) ရပ်ကွက်၊ မြို့မဈေးအနီး ဗျက်ကျုံးနုံဟာ လမ်းလျှောက်လာစဉ် CDF/PDF များထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဒဏ်ရာပြင်ထန်းစွာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရတယ်” လို့ရေးသားထားတာဖြစ်ပါတယ်။

 

ဒီမြေမြုပ်နိုင်းနင်းမိတဲ့ဖြစ်စဉ်ကတော့ မှန်ပေမယ့် CDF/PDF ဘက်က ထောင်ထားတဲ့မိုင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့မြေမြုမိုင်းကို နင်းမိတာဖြစ်နိုင်တယ်လို့ ဟားခါးမြို့ခံတစ်ဦး ကပြောပါတယ်။

မိုင်းနင်းမိသူ ဉီးဗျက်ကျုံးနဲ့ နီးစပ်သူတစ်ဉီးက “ဟားခါးမြို့ပေါ် ဟားခါးထာရ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ အောက်တိုဘာလ ၁ ရက်နေ့က တောထဲကို ဟင်းထွက်ရှာသွားနေစဉ်မှာပဲ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရတယ်လို့” ပြောပါတယ်။

ဒါကြောင့် မိုင်းနင်းမိခဲ့တာဟာ သတင်းအမှားဖော်ပြထားသလို မြို့မဈေးအနီးမှာမဟုတ်ပါဘူး။ အဲ့ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆနေကြပြီး Khonumthung အနေနဲ့ကတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...