ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်

ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ပေါ်တွင် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဓမ္မဝါဒီအတွက် လူထု လှုံဆော်လှုပ်ရှားမှုတစ်ခုကို Yangon Revolution Force - YRF ၏ Soft Strike Community မှ တော်လှန်လူငယ်များက ပြုလုပ်ခဲ့ကြသည်။

တော်လှန်လူငယ်များသည် ရွှေတိဂုံစေတီတော်ပေါ်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါ ဘန်နာဖြင့် သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် လုံခြုံရေး အထပ်ထပ်ချ၍ တင်းကျပ်ထားသော်လည်း လှုပ်ရှားမှုကို အရဲစွန့် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်ဟု YRF က လူငယ်များကဆိုသည်။

ယခု လှုပ်ရှားမှုကို အများပြည်သူ အလယ်တွင် ကြိုးစား၍ ပုံဖော်ခဲ့ခြင်းမှာ လူထုအားကို မုချယုံကြည်၍ဖြစ်ပြီး ဤလူထုအခြေပြုတော်လှန်နေသည့် “ ဤအရေးတော်ပုံကြီး အောင်မှသာလျှင် ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာဖြစ်ကြောင်းကို သတိချပ်စေချင်သောကြောင့်ပင်ဖြစ်သည်” ဟု YRF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လှုပ်ရှားမှုကို လုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ်ရှား လုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာမရရှိမှုကို နားလည် ပေးကြရန် Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေး အင်အားစု)က ဆိုထားသည်။

စာတည်း။ ။မောင်ကောင်း

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...