စစ်ကောင်စီက မတူပီမြို့ အဝင်/အထွက်အားလုံးကို ဆက်ပိတ်ထား၊ အခြေခံစားသုံးကုန်များ ပြတ်လပ်မှုရှိလာ

စစ်ကောင်စီက မတူပီမြို့ အဝင်/အထွက်အားလုံးကို ဆက်ပိတ်ထား၊ အခြေခံစားသုံးကုန်များ ပြတ်လပ်မှုရှိလာ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့၏ အဝင်/အထွက်ဂိတ်အားလုံးကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားပြီး ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိသောကြောင့် အခြေခံစားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာများ စတင်ပြတ်လပ်လာပြီဟု သိရသည်။

“အခုထိတော့ လုံးဝပိတ်နေဆဲပဲ။ လက်ရှိမှာ ကုန်လက်ကျန်တွေနဲ့ စုဆောင်းထားတဲ့ဟာတွေကို ကျွန်တော်တို့စားနေကြတယ်၊ အခုထိတော့မြို့ပြင်လည်းထွက်မရသေးဘူး။ ဒီတစ်ပတ်

နောက်အပတ်လောက်ထိ ဆက်ပြီးပိတ်မယ်ဆိုရင်တော့ ဓာတ်ဆီတွေလည်း မြို့ပေါ်မှာ ပြတ်တော့မှာ ကုန်တော့မှာ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ မြို့အနီး တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့ အဝင်/အထွက်အားလုံးပိတ်ပင်ပြီး ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းများသယ်ယူခွင့်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ အဝင်/အထွက်လမ်းမကြီး ၃ ခုဖြစ်သည့် မတူပီ-မင်းတပ်၊ မတူပီ-ဟားခါးနှင့် မတူပီ- ပလက်ဝမြို့သို့ ဆက်သွယ်ထားသော ကားလမ်းမကြီးများတွင် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များထားရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သူမျှ ဖြတ်သန်းသွားလာခွင့် မပြုခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့ပတ်ပတ်လည်တွင်လည်း တပ်ချထားသည့်အပြင် မြို့ပြင်တွင် အလံနီများကိုလည်း စိုက်ထားသည်ဟု သိရသည်။

“မြို့ပတ်ပတ်လည်မှာ သူတို့ အကုန်လုံးဝိုင်းထားတယ် အလံနီတွေစိုက်ထားပြီးတော့ မြို့ပတ်ပတ်လည်ကို လုံခြုံရေးယူထားတယ် စကစတွေက၊ လက်နက်ကြီးပစ်ခတ်တာတို့ကတော့

နေ့တိုင်းရှိတယ်" ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သည် ပထဝီအနေအထား အရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ချင်းပြည်နယ်တွင် အချက်အချာကျသည့်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာ အခြေစိုက်ရာမြို့နှင့် စစ်ကောင်စီတပ်ရင်း ၂ ခု အခြေစိုက်ထားသည့် မြို့ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၇ နှင့် ၂၉ ရက်နေတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...