ဟားခါးမြို့ ကြံ့ခိုင်ရေးပါတီရုံး မီးလောင်

ဟားခါးမြို့ ကြံ့ခိုင်ရေးပါတီရုံး မီးလောင်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသည် အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းကြံ့ခိုင်ရေးပါတီရုံးသည် လူကြီးခရီးစဉ်ရှိ၍ စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့်ယူထားသည့်ကြားမှ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြိုခံတစ်ဦးက ပြောသည်။

"ရွေးကောက်ပွဲအတွက်လာကြမယ့် လူကြီးစဉ်ခရီးရှိတယ်လို့ကြားတယ်။ ဒီတောတွင်းကတော့ အဲရုံးမှာ သန့်ရှင်းရေးလည်း လုပ်ကြတာတွေ့ရတယ်။ လုံခြုံရေးလည်း အပြည်ထားထားတယ်၊ ပြီးတော့ ဒီ ၃ ရက်အတွင်း မိုးလည်းရွာတယ်လေ၊ ဒီကြားကမှ မီးလောင်တယ်ဆိုတာ တော်တော်အံ့ဩတယ်။” ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။

မီးလောင်ရသည့် အကြောင်းအရင်းကိုမူ တိတိကျကျမသိရသေးပေ။ ၎င်းအဆောက်အဦးသည် ယမန်နေ့ည သန်ခေါင်ယံကျော်ကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် အဆောက်အဦးတခုလုံး ပြာကျသွားခြင်းမရှိသော်လည်း ရုံးထဲရှိ စာရွက်စာတမ်းများ၊ ပစ္စည်းများ အကုန်လောင်ကျွမ်းသွားသည်ဟု သိရသည်။

ဟားခါးမြို့တွင် ပြီးခဲသည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်ရှိ ဆောက်လုပ်ရေးခရိုင်ရုံး လမ်းဦးစီးရိပ်သာလည်း မီးလောင်မှု ဖြစ်ပွါးခဲ့ပါသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...