ဟားခါးမြို့တွင် ဒေသခံပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တဖက် ဖြတ်ခံလိုက်ရ

ဟားခါးမြို့တွင် ဒေသခံပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တဖက် ဖြတ်ခံလိုက်ရ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသခံပြည်သူတစ်ဦး တောထဲ ဟင်းထွက်ရှာရင်း မြေမြုပ်မိုင်းနှင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရသည်ဟု သိရသည်။

ဟားခါးမြို့ပေါ်ရှိ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးသည် အောက်တိုဘာလ ၁ ရက်နေ့က တောထဲသို့ ဟင်းထွက်ရှာသွားနေစဉ်မှာ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ ခွဲစိတ်ကုသမှုခံယူကာ ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ပြီးခဲ့တဲ့စနေနေ့တုန်းက ခွဲစိတ်ခန်းဝင်ပြီး ဘယ်ခြေထောက် ခြေမျက်စိ အထက်နားကနေ ဖြတ်လိုက်ရတယ်၊ အခု သူ့အခြေအနေကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဆေးရုံတော့ ရက်ရှည်နေရမယ်ထင်တယ်” ဟု လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါမြေမြှုပ်မိုင်းသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြပြီး သီးခြားအတည်ပြု နိုင်ခြင်းမရှိပေ။

ဟားခါးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဟားခါးမြို့ပေါ်က အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရသိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...