နိုင်ငံရေးနှင့် ပတ်သက်သည့်အရာများနှင့် သတင်းများတင်သည်ဟုဆိုကာ ပုသိမ်ဒေသခံ အမျိုးသား၂ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

နိုင်ငံရေးနှင့် ပတ်သက်သည့်အရာများနှင့် သတင်းများတင်သည်ဟုဆိုကာ ပုသိမ်ဒေသခံ အမျိုးသား၂ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် နိုင်ငံရေးနှင့် ပတ်သက်သည့်အရာများနှင့် သတင်းများကို လူမှုကွန်ရက်ပေါ်သို့ ဖြန့်ဝေသည်ဟု ဆိုကာအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်သားများနှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက် ဒုံကွင်းဗလီဝန်းတွင် နေထိုင်သည့် လူလတ်ပိုင်းအရွယ် ကိုတင်ကိုအား စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ဖမ်းဆီးသွားပြီး ၊ အမှတ် (၆) ရပ်ကွက် ကွင်းကလေးလမ်းနေ ကိုထက်မြတ်အောင်အား အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်း၌ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အဖမ်းခံရတဲ့နှစ်ယောက်လုံးက Facebook မှာ စာတင်တာပဲရှိတယ်။ အဲ့ဒါကို PDFဝါဒဖြန့်သူတို့၊ ထောက်ပို့လုပ်လို့ဖမ်းတယ်ဆိုပြီး ဒလန်တွေဘက်က တင်နေတာတွေ့ရတယ်။ တကယ်တော့ ဒီဖြစ် စဥ်က လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဥ်ပါ"ဟု ဒေသခံကဆို သည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ စစ်ကောင်စီဝါဒဖြန့်သတင်းများအား လူမှုကွန်ရက်ပေါ်၌ ဖြန့်ဝေနေသူများစွပ်စွဲနေသကဲ့သို့ တော်လှန်ရေးနှင့်ပတ်သက်သူများ မဟုတ်ကြောင်း၊ PDF များအား ထောက်ပံ့နေသူများမဟုတ်ကြောင်း ဆက်လက်ပြောသည်။

လက်ရှိတွင် မတရားစွပ်စွဲဖမ်းဆီးခံထားရသည့် ပုသိမ်ဒေသခံအမျိုးသားနှစ်ဦးနှင့် အဆက်အသွယ်မရရှိသေးသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူ များကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...