ပုသိမ်မြို့ ကမ်းနားလမ်းရှိ စစ်အုပ်စုပိုင် မိုင်တဲရုံး ဗုံးဖောက်ခွဲခံရ

ပုသိမ်မြို့ ကမ်းနားလမ်းရှိ စစ်အုပ်စုပိုင် မိုင်တဲရုံး ဗုံးဖောက်ခွဲခံရ

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ ၊ကမ်းနားလမ်းရှိ စစ်အုပ်စုပိုင် မိုင်တဲရုံးတွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့် အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မိုင်တဲရုံးကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF) နှင့် ကန်ကြီးထောင့် (ပကဖ) တို့ပူးပေါင်းကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု PSTF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ပြည်သူတွေ ထိခိုက်မှု နည်းအောင် စီစဉ်ရတဲ့ မြို့ပြမစ်ရှင်ဖြစ်တဲ့အတွက် ထိရောက်မှု နည်းနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ တာဝန်ရှိသူတွေထုတ်ပြန်တဲ့ စာတွေကိုလိုက်နာဖို့လိုပါတယ်၊ ပြည်သူတွေကြောင့် မစ်ရှင်တွေ၊ ပစ်မှတ်ရွှေ့လိုက်ရတာတွေရှိတယ်"ဟု ဆိုသည်။

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်များ၊ အုပ်ချုပ်ရေး ပိုင်ဆိုင်ရာများကို အဓိကထား၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပုသိမ်မိုင်တဲရုံး အရှေဘက်ခြမ်း၌ ပျက်စီးမှုတချို့ရှိခဲ့သည်ဟု သိရပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ၊မရှိ အတိအကျ မသိရကြောင်း ပုသိမ် ကမ်းနားလမ်းတွင် နေထိုင်သူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကာင်စီတပ်များနှင့် ရဲများရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...