ဟားခါးမြို့ ကြံ့ခိုင်ရေးပါတီရုံးချုပ် မီးလောင်မှုဖြစ်ပွား

ဟားခါးမြို့ ကြံ့ခိုင်ရေးပါတီရုံးချုပ် မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် အဆောက်အဦ စက်တင်ဘာလ ၂ရက် ညသန်းခေါင်ယံအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ညသန်းခေါင်မှာ မီးလောင်သွားတာဗျ။ ရှို့မီးလား ဘာလားတော့မသိသေးဘူး။ တော်တော်လောင်သွားတယ်။ အဲဒီရုံးဘက်မှာ အခုရဲတွေနဲ့ စစ်သားတွေက လုံခြုံရေးယူနေတယ်။” ဟု ဟားခါးမြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကြံ့ခိုင်ရေး ပါတီရုံး မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ၊ စစ်ကောင်စီတပ်များမှ ဟားခါးမြို့၌ လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ရက်နေ့ နံနက် ၂နာရီ ၂၀မိနစ်တွင်လည်း ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆောက်လုပ်ရေးလမ်းဦးစီးရိပ်သာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ တစ်ခုလုံး ပျက်စီးသွားကာ ခရိုင်အင်ဂျင်နီယာအပါအဝင် လူ ကိုးဦး ပျောက်ဆုံးမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါပျောက်ဆုံးနေသည့် ခရိုင်အင်ဂျင်နီယာအပါအဝင် လူ ကိုးဦးသည် ယနေ့အထိ နေအိမ်သို့ပြန်ရောက်လာခြင်းမရှိဟု မြို့ဒေသခံများထံမှ သိရသည်။

အဆိုပါ လူကိုးဦးပျောက်ဆုံးမှု၊ ဆောက်လုပ်ရေးလမ်းဦးစီးရိပ်သာ မီးလောင်မှုတို့နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ် လ. ဝ. က ရုံး မီးလောင်ပြာကျခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...