စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးနှင့် အာဏာတည်တန့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သူများအနေဖြင့် မိမိအသိစိတ်ဖြင့်နှုတ်ထွက်ကြရန် CDF-Kanpetlet တပ်ဖွဲ့က သတိပေးလိုက်သည်။

စစ်ကောင်စီအနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာတည်တန့်ရေး အတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းပြချက် ၅ မျိူးကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းလျှက်ရှိပြီး ယင်းအတွက် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိ/ရပ်ဖအဖွဲ့ဝင်များအား အသုံးပြုထားသည်ဟု CDF-Kanpetlet တပ်ဖွဲ့၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကန်ပက်လက်မြို့နယ်ထဲမှ ကျေးရွာအုပ်စု တာဝန်ခံများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများစုစုပေါင်း ၁၉ ဦး၊ အရံမီးသတ် ၇ ဦး၊ ပြည်သူ့စစ်မှ ၇ ဦး၊ ကြက်ခြေနီမှ ၇ ဦး၊ ရပ်မိရပ်ဖ ၇ ဦးနှင့် အခြားအဖွဲ့များမှ ၆ ဦး စုစုပေါင်း ၅၃ ဦးဖြင့် ဆောင်ရွက်လျှက်ရှိကာ လိုအပ်ပါက လက်နက်များလည်း တပ်ဆင်နိုင်ရန်အထိ ညွန်ကြားထားပြီး ဖြစ်ကြောင်း အတိအကျသိရှိပြီးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပုဂ္ဂိုလ် ၅၃ ဦးအနေဖြင့် မိမိအသိစိတ်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြရန် အကယ်၍ နှုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီယန္တရား လည်ပတ်ရေးအတွက် ဆက်လက်ပါဝင်ပူးပေါင်းနေပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး တွေ့သည့်နေရာတွင် ရှင်းလင်း အရေးယူသွားမည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...