ရခိုင်တွင်လက်ရှိကိုဗစ်ကူးစက်ခံရသူ ၂၂ ဦးရှိပြီး ၂၀၂၂ ခုနှစ် ၈ လအတွင်း ကိုဗစ်ပိုးတွေ့သူ ၉၁၈ ဦးရှိခဲ့ပြီး ယင်းအနက် ၂ ဦးသေဆုံးခဲ့ဟုဆို

ရခိုင်တွင်လက်ရှိကိုဗစ်ကူးစက်ခံရသူ ၂၂ ဦးရှိပြီး ၂၀၂၂ ခုနှစ် ၈ လအတွင်း ကိုဗစ်ပိုးတွေ့သူ ၉၁၈ ဦးရှိခဲ့ပြီး ယင်းအနက် ၂ ဦးသေဆုံးခဲ့ဟုဆို

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံထားရသူ ၂၂ ဦးရှိပြီး ၎င်းတို့ကို မြို့နယ် ၆ ခု၏ ဆေးရုံများတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

၎င်းတို့မှာ စစ်တွေဆေးရုံ၌  ၅ ဦး၊  ကျောက်တော်ဆေးရုံ၌ ၅ ဦး၊ မောင်တောဆေးရုံ၌ ၁ ဦး၊ ကျောက်ဖြူဆေးရုံ၌ ၈ ဦး၊ တောင်ကုတ်ဆေးရုံ၌ ၁ ဦးနှင့် ဂွဆေးရုံ၌ ၂ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ ၂၈ ရက်မှ စက်တင်ဘာလ ၂၈ ရက်အထိ (၈) လ ကိုဗစ် စတုတ္ထလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့သူ ၉၁၈ ဦးရှိခဲ့သည့်အနက် ၂ ဦးသေဆုံး သွားခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးမှာ မြောက်ဦးနှင့် ကျောက်တော် မြို့နယ်တို့မှ တစ်ဦးစီဖြစ်သည်ဟု ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ရေးလှုပ်ရှားနေသူတစ်ဦးက “ကိုဗစ်က လုံးဝ ပျောက်သွားတဲ့ ရောဂါတော့ မဟုတ်သေးဘူး။ စစ်ရင်တွေ့မှာပဲ။ ကူးစက်မှုတွေလည်း ရှိနေဦးမှာပဲ။ လူထုအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီ နေထိုင်သွားလာလှုပ်ရှားနေကြဖို့ပဲ အရေးကြီး ပါတယ်”ဟု ပြောသည်။

ယခုစာရင်းများသည် ဇန်နဝါရီလ ၂၈ ရက်မှ စက်တင်ဘာလ ၂၈ ရက်အထိ ကောက်ခံထားသည့် စာရင်းများဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့်ပြန်လာသည့် လှေလုပ်သားများတွင်လည်း လက်ရှိအချိန်အထိ ကိုဗစ်ပိုးများတွေ့နေရပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုးဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...