AA ဘက်မှ အလင်းဝင်လာသူများပြားလာ ဆိုတဲ့သတင်းအမှား

AA ဘက်မှ အလင်းဝင်လာသူများပြားလာ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Sakura Flower နဲ့ Golden Eyes ဆိုတဲ့ အကောင့်ကနေပြီး “AA လက်နက်ကိုင်အဖွဲ့အတွင်း အထက်အောက်ဖိနှိပ်အာဏာပြခံရခြင်း၊ မိဘများနှင့် ဆက်သွယ်ခွင့်မပေးခြင်း စသည့် လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေတာကြောင့် အစိုးရစစ်တပ်နှင့် ရခိုင်ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့(ALP) သို့ အလင်းဝင်လာမှုအများအပြားရှိနေပါတယ် ။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး သတင်းအမှားမှာဖော်ပြထားတာက “မိုင်တိုင် ၄၀ တိုက်ပွဲ နောက်ပိုင်း AA ဘက်မှ အလင်းဝင်သူ ၄၀ ကျော်နေပြီဖြစ်ပြီး ALP အဖွဲ့သို နယ်စပ်မှတဆင့်အလင်းဝင်သူ ၆ ဦးရှိလာတာ တွေ့ရပါတယ်။” လို့ရေးသားထားတာဖြစ်ပါတယ်။

တိုက်ပွဲများပြင်းထန်နေချိန် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အရာရှိ၊ စစ်သည် ၁၀ ဦးထက်မနည်း ရက္ခိုင့်တပ်တော် (AA) ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် တွင်ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ငါးကြိမ်မြောင်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါတယ်။

“ ပလက်ဝမြို့နယ်ထဲက မြန်မာစစ်တပ်စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျနော်တို့ဆီကို ပူပေါင်းလာတဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ ၁၀ ယောက်ထက်မနည်းရှိပါတယ်။ နောက်လည်း တခြားမြို့နယ်တွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက လက်နက်ယူပြီး ကျနော်တို့ဆီမှာ ပူးပေါင်းလာကြတာလည်းရှိပါတယ်”

အလင်းဝင်လာတဲ့ စစ်သည် ၁၀ ဦးထက်မနည်းမှာ လက်နက်အပြည့်အစုံဖြင့်လာရောက်ခဲ့ခြင်းဖြစ်ပြီး တခြားမြို့နယ်များအတွင်းမှ စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးလာနေကြောင်းသိရှိရပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်တော် (AA) ထံအလင်းဝင်ရောက်ရန် ဆက်သွယ်လာတဲ့ စစ်ကောင်စီတပ်သားများ ရာဂဏန်းအထိရှိလာတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

“ အဲ့တာတွေက တိုက်ပွဲမဖြစ်ခင်ကလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲကာလမှာလည်း ဆက်ပြီးတော့ ရှိလာပါတယ်။ ဆိုတော့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွေမှာလည်း ပိုပြီးများလာပါတယ်။ နောက်ပြီး လာရန်ရှိတဲ့သူတွေလည်းအများကြီး ကျနော်တို့ဆီကို ဆက်သွယ်လာတာလည်းရှိပါတယ်။ အရည်အတွက်အားဖြင့် ပြောမယ်ဆိုရင် ရာဂဏန်းလောက်ရှိပါတယ် ”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အခုကာလအတွင်း ရှေ့တန်းစစ်မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်အထိ လာရောက်ခိုလှုံခဲ့ကြောင်း AA ဘက်က တရားဝင် ပြောဆိုထားပါတယ်။

တကယ်တော့ ရက္ခိုင့်တပ်တော် AA ကနေ ထွက်ပြေးတဲ့ တပ်သားတွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်သားတွေဟာ တပ်ထဲကနေထွက်ပြေးတိမ်းရှောင်ပြီး AA တပ်ဖွဲ့ထံကို အလင်းဝင်နေကြ တာဖြစ်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...