ဟားခါးမြို့ ဆောက်လုပ်ရေး ရိပ်သာမီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံရမှုကြောင့် ချင်းပြည်နယ် လမ်းဦးစီးညွှန်မှူးနဲ့ ဇနီးသည် ထွက်ပြေးတိမ်းရှောင်

ဟားခါးမြို့ ဆောက်လုပ်ရေး ရိပ်သာမီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံရမှုကြောင့် ချင်းပြည်နယ် လမ်းဦးစီးညွှန်မှူးနဲ့ ဇနီးသည် ထွက်ပြေးတိမ်းရှောင်

ဟားခါးမြို့ ဆောက်လုပ်ရေးရိပ်သာ မီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရသောကြောင့် ချင်းပြည်နယ် လမ်းဦးစီးဌာန ရုံးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးထာပဲန်းနှင့် ဇနီးသည်တို့သည် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

“သူက CDM မလုပ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဟိုတခေါက် မီးလောင်တဲ့ကိစ္စမှာ သူက တာဝန်ရှိပုဂ္ဂိုလ်ကိုး၊ ဆိုတော့ အစိုးရဘက်ကနေလည်း ဖိအားပေးမှု တွေရှိတာပေါ့။

ဟိုတစ်ခေါက်ကဆို တရားရုံးထိသွားရတယ် မေးမြန်းခံရတယ်ပေါ့။ သူတို့ကလည်း အဲဒီဒါဏ်ကို မခံနိုင်လို့ဖြစ်မှာပေါ့နော်။ သူတို့ကတော့ အဲကွာတာမီးလောင်ပြီး တစ်ပတ်ကျော်လောက်မှာ ထွက်ပြေးကြတာဖြစ်တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ဦးထာပဲန်သည် လွန်ခဲ့သော ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ဟားခါးမြို့ ပြည်နယ်လမ်းဦးစီးဌာန ဝင်းအတွင်းရှိ ဧည့်ရိပ်သာ မီးလောင်ကျွမ်းခဲ့မှု၊ ဟားခါးခရိုင် လမ်းဦးစီးဌာနမှ AD နှစ်ဦး၊ AE တစ်ဦးနှင့်အတူ အခြားလုပ်သား (၈) ဦး စုစုပေါင်း ဌာနမှ ဝန်ထမ်း ၁၁ ဦး ပျောက်ဆုံးမှုများအတွက် ဟားခါးရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း သိရသည်။

ထို့ကဲ့သို့ အခြေအနေများကြောင့် ဦးထာပဲန်တို့နှင့် ဇနီးသည်တို့သည် လွန်ခဲ့သည့် ၃ ပတ်ခန့်ကတည်းက ဟားခါမြို့မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပျောက်ဆုံးသွားသည့် ၁၁ ဦးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သော ဟားခါးနှင့် ထန်တလန်ကြား သီမစ်တံတား တည်ဆောက်မည့်သူများဖြစ်ကြပြီး သြဂုတ်လ ၃၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားခြင်း ဟုတ်/မဟုတ် ဆိုသည်ကိုမူ မသိရပေ။

လက်ရှိတွင် ပျောက်ဆုံးနေသော အရာရှိနှင့် ဝန်ထမ်း ၁၁ ဦး ပြန်လည်လွတ်မြောက်နိုင်ရေး Non-CDM ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက အသုံးချ စေ့စပ်ညှိနှိုင်းခိုင်းနေသည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

ယခုလက်ရှိ ချင်းပြည်နယ် လမ်းဦးစီးဌာနတွင် ဒု-ပြည်နယ်တာဝန်ခံ DSE ဦးကျော်မင်းဦးအား ယာယီတာဝန်ခံ CE အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ပေးထားကြောင်း သိရှိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...