ရေးမြိုနယ် စစစ ရုံး ဗုံးထောင် ဖောက်ခွဲခံရ

ရေးမြိုနယ် စစစ ရုံး ဗုံးထောင် ဖောက်ခွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စက်တင်ဘာလ ၂၆ ရက် မနက် ၉ နာရီ အချိန်ဝန်းကျင်က စစစ ရုံး ဗုံးထောင် ဖောက်ခွဲ ခံခဲ့ရကြောင်း သိရသည်။

စစစရုံး မိုင်းထောင် ဖောက်ခွဲခံရခြင်းကြောင့် အဆောက်အဦးအရှေ့ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း စစစရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

"လူရှိတဲ့နေရာ‌တော့ မဟုတ်ဘူး။ လူထိခိုက်တာတော့ မရှိဘူး။ အဓိကက အဆောက်အဦးပဲ ထိတာ။ အဆောက်အဦးကတော့ အရှေ့ဘက် တစ်ခြမ်းလုံး ပြိုကျသွားတယ်"ဟု ၎င်းက ပြောသည်။

ရေးမြို့နယ်၏ အဝင်အထွက်ဂိတ်များ နှင့် ရုံးအနီးတွင် လုံခြုံရေးအင်အား အပြည့်ယူပြီး ဆိုက်ကယ်နှင့် ကားများကို စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း စစစရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း၊ စစစရုံး ဗုံးထောက်ဖောက်ခွဲခံရမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က မိုင်းထောင် ဖောက်ခွဲခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း လုံခြုံရေး အထူးတင်းကြပ်ကာ ဒေသန္တရ အမိန့်များ ထုတ်ပြန်ထားသော်လည်း အစိုးရရုံးများ ပစ်ခတ်တိုက်ခိုက်ခံရမူများ ဆက်တိုက် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရေးမြို့ လဝကရုံးကို ရေးဘီလူးအဖွဲ့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦးပွဲချင်းပြီး သေဆုံးကာ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...