မြန်မာရဟတ်ယာဉ် ဘင်္ဂလားဒေ့ရှ်တောင်ပြိုနယ်စပ်တွင် ပစ်ခတ်မှုပြုလုပ်ခဲ့ဟုဆို

မြန်မာရဟတ်ယာဉ် ဘင်္ဂလားဒေ့ရှ်တောင်ပြိုနယ်စပ်တွင် ပစ်ခတ်မှုပြုလုပ်ခဲ့ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်၊  နတ်ကျောက်ဆရီနယ်စပ်အနီးရှိ ကောင်းကင်ယံတွင် မြန်မာဘက်က ရဟတ်ယာဉ်တစ်စင်း ယမန်နေ့ညက ပျံဝဲပစ်ခတ်ခဲ့ကြောင်း The Daily Star  သတင်းတွင် ရေးသားဖော်ပြသည်။

နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံး ယူနီယံအပိုင်  Bhajabonia နယ်နိမိတ်အတွင်းရှိ ကောင်းကင်တွင် စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ပျံဝဲပစ်ခတ်ခဲ့ကြောင်း  ဒေသခံများကို ကိုးကား၍ Bandarban သတင်းထောက်က သတင်းပေးပို့သည်ဟု ဖော်ပြသည်။

ခေါင်းတုံးနယ်မြေ တာဝန်ရှိသူ တစ်ဦးက နယ်စပ်ဒေသသို့  ဒုတိယကော်မရှင်နာနှင့် ရဲမှူးကြီးတို့ သွားရောက် လေ့လာပြီးနောက် လွန်ခဲ့သည့် တစ်ပတ်အကြာကစပြီး အဆိုပါဒေသ၏ အခြေအနေသည် အလွန်တည်ငြိမ်နေခဲ့ကြောင်း၊ သို့သော် ယမန်နေ့ညက မြန်မာရဟတ်ယာဉ်မှ ရုတ်တရက် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူအများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း သတင်းထောက်အား ပြောကြားခဲ့သည်။

နတ်ကျောက်ဆရီမြို့နယ် Nirbahi အရာရှိ Salma Ferdous က "မြန်မာ့ရဟတ်ယာဉ်တစ်စင်း မနေ့ညက နယ်စပ်ကို ဖြတ်ကျော်လာတယ်လို့ ကြားတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ တရားရေး အေဂျင်စီတွေက နယ်စပ်တလျှောက် ပုံမှန် ကင်းလှည့်နေပြီး တပ်လှန့်ထားပါတယ်။ ပြည်သူတွေ အထိတ်တလန့် မဖြစ်ကြဖို့ တိုက်တွန်းထားပါတယ်” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

ကော့ဘဇားရှိ အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ရင်းမှ ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး Md Mehedi Hasan Kabir က " မနေ့ကအထိ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို မြန်မာရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး သတင်းမရရှိသေးပါဘူး။ ရဟတ်ယာဉ်က မြန်မာနိုင်ငံထဲပါ။ ဒါပေမယ့် နယ်စပ်နဲ့ နီးကပ်ပျံသန်းခဲ့တာပါ" ဟု ပြောသည်။

၎င်းအပြင်သူက “နယ်စပ်လုံခြုံရေးအတွက် တပ်ရင်းနဲ့ တပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ထားပါတယ်။ ၂၀၁၇ တုန်းကလို ထပ်ပြီး မစိမ့်ဝင်နိုင်အောင် ကျနော်တို့ က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်” ဟု ပြောသည်။

“နယ်စပ်တစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ ကင်းလှည့်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

စက်တင်ဘာ ၁၀ ရက် အစောပိုင်းက တောင်ပြိုနယ်စပ်တွင် မြန်မာနိုင်ငံအတွင်း သေနတ်သံများနှင့် ပစ်ခတ်သံများ ပြင်းထန်စွာ ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ Myanmar army helicopter "opens fire” at Tumbru border” ကို ဘာသာပြန်သည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...