ဘီးလင်းမြို့နယ်တွင် KNU/KNLA/PC မှ ကားဖြင့် တင်လာသည့် ဘင်္ဂါလီ ၃၆ ဦး ဖမ်းခံရ

ဘီးလင်းမြို့နယ်တွင် KNU/KNLA/PC မှ ကားဖြင့် တင်လာသည့် ဘင်္ဂါလီ ၃၆ ဦး ဖမ်းခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်ရှိ ရွှေသံလွင်တိုးဂိတ်အဟောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC) မှကားဖြင့် တင်ဆောင်လာသည့် ဘင်္ဂါလီ ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က ကျိုက်ထိုဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် သုံးစီးကို စစ်ဆေးရာမှ KNU/KNLA/PC မှ ကား ၃ စီး ဖြင့် တင်ဆောင်လာသည့် ဘင်္ဂါလီ ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

"အခုတော့ KNU/KNLA/PC အဖွဲ့တပ်ဖွဲ့ဝင် ၅ ဦးနဲ့ ကားတွေကိုရော ထိန်းသိမ်းထားတယ်။ ဘင်္ဂါလီတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဘီးလင်း မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ စစ်ဆေးမှုများ ပြုလုပ်‌နေကြောင်း သိရသည်။

ဘင်္ဂါလီ ၃၆ ဦးတွင် အမျိုးသား ၂၂ ဦး နှင့် အမျိုးသမီး ၁၄ ဦး ပါဝင်ပြီး အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦး နှင့် အမျိုးသားငယ် သုံးဦးလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန် KNU/KNLA/PC ထံ ဖုန်းဆက်သွယ်နေဆဲဖြစ်ပြီး မွန်သတင်းအေဂျင်စီ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...