ရေးမြို့နယ်တွင် ညမထွက်ရကန့်သတ်ချိန် ထွက်မိ၍ သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

ရေးမြို့နယ်တွင် ညမထွက်ရကန့်သတ်ချိန် ထွက်မိ၍ သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး

ရေးမြို့နယ် ကလော့ကျေးရွာတွင် နစက ကောင်စီ သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့် ကန့်သတ်ချိန် အချိန်လွန်ထွက်မိ၍ အမျိုးသားတစ်ဦး သေနတ် ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ရေးမြို့နယ်တွင် ည ၈ နာရီ မထွက်ရအမိန့်ချထားကြောင်း၊ အဆိုပါ သေဆုံးသူမှာ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ ည ၂ နာရီအချိန်ခန့်က ထွက်၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

" ညဘက် ၈ နာရီ ညမထွက်ရအမိန့် ချထားတာကို သူက ညဘက်အပြင်ထွက်မိတာ သူလဲ အဲဒီလမ်းဖြတ်သွားတဲ့ အချိန်မှာ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တာ သေဆုံးသွားတယ်" ဟု ၎င်းက ပြောသည်။

၎င်းပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အမျိုးသားရုပ်အလောင်းကို ကားနှင့် တင်ဆောင်လာပြီး ရွာအဝင်ဝတွင် ထားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ရှိ ဦးနိုင်ဦးဖြစ်ပြီး ကလော့ကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုသား၏ ရုပ်အလောင်းကို ရေးမြို့ ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံမှ ရေးမြို့နယ် ကလော့‌ကျေးရွာ သုဿာန်ဇရပ်အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိလာသည့်အတွက် ရေးမြို့နယ်ကို သြဂုတ် ၅ ရက်နေ့စွဲဖြင့် ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်ကြောင်း နစကကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...