တောင်ကုတ်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

တောင်ကုတ်ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
ဖမ်းဆီးခံရသူ ဦးအေးကျော်ကျော်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
ဖမ်းဆီးခံရသူ ဦးအေးကျော်ကျော်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က (စက်တင်ဘာလ ၂၃ ရက်) ညနေ ၄ နာရီခန့်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူ (၂) ဦးမှာ ညောင်ဖောက်ကျေးရွာမှ အသက် (၃၉) နှစ်အရွယ် ဦးအေးကျော်ကျော်နှင့် သက္ကယ်ပြင်ကျေးရွာမှ အသက် (၄၀) နှစ်အရွယ် ဦးကျော်ကျော်နိုင်တို့ဖြစ်သည်။ ဦးအေးကျော်ကျော်ကို လာရောက်ဖမ်းဆီးစဉ်က စစ်ကားလေးစီးဖြင့် အင်အား ၉၀ ပါဝင်သည့် စစ်ကြောင်းက လာရောက်ဖမ်းဆီးသွားခြင်းဟု ညီဖြစ်သူကပြောသည်။

"နေအိမ်မှာ လာဖမ်းတာဖြစ်တယ်။ စစ်ဆေးမေးမြန်းစရာ ရှိလို့ပြောတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိဘူး"ဟု ၎င်းကဆိုသည်။

ဖမ်းဆီးသွားသည့်တပ်မှာ တောင်ကုတ်အခြေစိုက် ခမရ (၅၄၄) တပ်ရင်းမှဖြစ်ပြီး လက်ရှိအချိန်ထိ စစ်သား (၆၀) ခန့်မှာ ရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာအဝင်အထွက်တို့တွင် တပ်စွဲနေရာယူထားသည်ဟု ဒေသခံများကဆိုသည်။

ထို့ပြင် သက္ကယ်ပြင်ကျေးရွာမှ သစ်လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ကျော်နိုင်ဆိုသူကိုလည်း အင်အား ၂၀ ခန့်ပါဝင်သည့် စစ်ကြောင်းက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကာ တောင်ကုတ်မြို့ ခမရ ၅၄၄ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

"ကိုကျော်ကျော်နိုင်က သစ်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးပါ။ တောင်ကုတ်မြို့ (၅၄၄) တပ်က စစ်ဆေးစရာရှိလို့ ဖမ်းသွားတာလို့ သိရတယ်။ အရင်တုန်းက အခုလိုဖမ်းဆီးခံရတာတော့ မရှိဘူး။ သူက စီးပွားရေးသမားတစ်ယောက်ဘဲ။ နိုင်ငံရေး ဘာညာတော့ ဆက်နွယ်မှုရှိတယ်လို့ မကြားဖူးဘူး"ဟု သူကဆိုသည်။

တောင်ကုတ်မြို့နယ်တွင် ယခုလအတွင်း အဖမ်းအဆီးကြမ်းနေပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် နှစ်ဦး၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သုံးဦး၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် နှစ်ဦးတို့ ဖမ်းဆီးခံထားရကာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ် မရရှိသေးပေ။

April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...