နဂရာကျေးရွာမှ လက်နက်ကြီးထိဒဏ်ရာရသူများအနက် ၃ ဦးကို ကျောက်တော်ဆေးရုံသို့ပို့ဆောင်

နဂရာကျေးရွာမှ လက်နက်ကြီးထိဒဏ်ရာရသူများအနက် ၃ ဦးကို ကျောက်တော်ဆေးရုံသို့ပို့ဆောင်
ကျောက်တော်ဆေးရုံသို့ပို့ဆောင်ထားသည့် လက်နက်ကြီးကျည် ထိဒဏ်ရာရ Photo - ဖြူစင်မေတ္တာပရဟိတအသင်းသူ ၃ ဦးအားတွေ့ရစဉ်။
ကျောက်တော်ဆေးရုံသို့ပို့ဆောင်ထားသည့် လက်နက်ကြီးကျည် ထိဒဏ်ရာရ Photo - ဖြူစင်မေတ္တာပရဟိတအသင်းသူ ၃ ဦးအားတွေ့ရစဉ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ နဂရာကျေးရွာထဲသို့ ယမန်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ ဒဏ်ရာရသွားသည့် မိသားစုဝင် ၄ ဦးအနက် ၃ ဦးကို ယနေ့နံနက်တွင် ကျောက်တော်ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

ကျောက်တော်ဆေးရုံသို့ပို့ဆောင်လိုက်ရသည့်လူနာများမှာဒေါ်မယိုင်ဦး (၆၅ နှစ်)၊ မောင်မျိုးနိုင်ဝင်း (၁၇ နှစ်)နှင့် မောင်မင်းအေးစိုး (၁၃ နှစ်)တို့ဖြစ်ကြသည်။

သူတို့ ၃ ဦးကို ယနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် ၁ဝ နာရီခန့်တွင် နဂရာကျေးရွာမှတစ်ဆင့် ခေါင်းတုတ်ကျေးရွာဘက် ကားလမ်းမှ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းပိုင်ကားဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ထိုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ကားနဲ့ ခေါင်းတုတ်ဘက်ကနေ ယူလာခဲ့တာပါ။ အခုတော့ ကျောက်တော်ဆေးရုံကို ပို့ထားပါပြီ။ ဒဏ်ရာအခြေအနေကတော့ နည်းနည်းပါးပါးပါပဲ။ သိပ်အများကြီးတော့ မဟုတ်ဘူး”ဟု ပြောသည်။

သူတို့အား ယူဆောင်လာချိန် တပ်မအတွင်း အနည်းငယ် စစ်ဆေးခံခဲ့ရသည် ဟုလည်း သိရသည်။

ထို ၃ ဦးအနက် ဒေါ်မယိုင်ဦးတွင် နောက်ကျောကုန်းနှင့် ဝမ်းဗိုက်အနီး၊ မောင်မျိုးနိုင်ဝင်းတွင် ဦးခေါင်းကွဲ၊ မောင်မင်းအေးစိုးတွင် ပေါင်နှင့် နောက်ကျောကုန်းတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

သူတို့သည် ယမန်နေ့ စက်တင်ဘာလ ၂ဝ ရက် ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်အတွင်းရှိနေချိန် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိသားစုဝင် ၄ ဦးတွင် ဒဏ်ရာရရှိခဲ့သော်လည်း နောက်ထပ် တစ်ဦးတွင် ဒဏ်ရာသက်သာ၍ ကျောက်တော်ဆေးရုံသို့မလိုက်လာဘဲ ရွာ၌ ကျန်နေခဲ့သည်ဟု သိရသည်။

အဆိုပါနဂရာကျေးရွာသည် ကျောက်တော်ရှိ စကခ (၉) တပ်အနီးတွင် တည်ရှိပြီး လက်နက်ကြီးကျည် ၃ လုံးကျရောက်သည့်အနက် ရွာထဲသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ရွာပြင်တွင် ၂ လုံးကျရောက်  ပေါက်ကွဲခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

နဂရာရွာပြင်ဘက်သို့ ယမန်နေ့ညဉ့် ၁၁ နာရီခွဲခန့်ကလည်း လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဦးအောင်ကျော်မင်း၏နေအိမ်နှင့် ဟွန်ဒါစက်တစ်လုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...