တောင်ကုတ် ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို စစ်ကောင်စီက စစ်ဆေးမေးမြန်းရန်ခေါ်ယူပြီး ပြန်လွှတ်ပေးခြင်းမရှိသေး

တောင်ကုတ် ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို စစ်ကောင်စီက စစ်ဆေးမေးမြန်းရန်ခေါ်ယူပြီး ပြန်လွှတ်ပေးခြင်းမရှိသေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ ၂ ဦးကို စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရန်ခေါ်ယူပြီး ယနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ကိုင်းရှည်ကျေးရွာဥက္ကဋ္ဌက ပြောသည်။

၎င်းတို့ ၂ ဦးမှာ ကိုင်းရှည်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်လှိုင် (၅၃) ၊ ဒုဥက္ကဋ္ဌ ဦးဇော်မင်းထွန်း (၄၆) တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးကို မေးမြန်းစစ်ဆေးစရာရှိသည်ဟုဆိုကာ စက်တင်ဘာ ၁၉ ရက်နေ့က စကခ (၅) တပ်မကို ခေါ်.ယူသွားခဲ့ကြောင်း ကိုင်းရှည် ကျေးရွာဥက္ကဋ္ဌလည်းဖြစ် ထိန်းသိမ်းခံထားရသူ ဦးဇော်မင်းထွန်း၏ အစ်ကိုဖြစ်သူက ပြောသည်။

"လူမှုကူညီရေးက နှစ်ယောက်ကိုတော့ မေးမြန်းစစ်ဆေးစရာရှိတယ်ဆိုပြီး လူမှုကူညီရေး ဥက္ကဋ္ဌနဲ့  ဒုဥက္ကဋ္ဌတို့ကို ခေါ်ထားတာရှိပါတယ်။ နှစ်ညအိပ်ရှိပါပြီ။ မနက် ၈ နာရီလောက်မှာ သူတို့ သွားတွေ့တာပါ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်လို့ ၊ မစစ်ဆေးရသေးလို့ မလွတ်သေးဘူးလို့ သိရပါတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးအနေနှင့် အပြစ်တစ်စုံတစ်ရာလုပ်ထားခြင်း ရှိမရှိနှင့် ခေါ်ယူသွားသည့် အကြောင်းအရင်းကို  သူ့အနေနှင့် မသိရှိကြောင်း ကိုင်းရှည်ကျေးရွာဥက္ကဋ္ဌက ပြောသည်။

လက်ရှိမှာ ၎င်းတို့နှစ်ဦးအား စစ်ဆေးမှုမပြုလုပ်ရသေး၍ စကခ (၅) တွင်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

"ရဲစခန်းမှာမဟုတ်ပါဘူး။ တပ်မှာ ထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ တပ်မမှာလို့ သိရပါတယ်။ လက်ရှိ မစစ်ဆေးရသေးလို့ စောင့်ဆိုင်းနေရတယ်လို့ ပြောပါတယ် ။ သူတို့ကောင်းကောင်းမွန်မွန် ရှိတယ်လို့လည်း သိရပါတယ်"ဟု ပြောသည်။

စက်တင်ဘာလ (၁၇) ရက်နေ့က တောင်ကုတ်ဒေသခံ ၂ ဦး၊ (၁၈) ရက်နေ့က နောက်ထပ် ၃ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲမှ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။  

တောင်ကုတ်မြို့အနီး စစ်ကောင်စီရေတပ်ဇက်ရေယာဉ်ကို အေအေက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ပြီးနောက် တောင်ကုတ်မြို့တွင် ဒေသခံများအား စစ်ဆေးမှုများပြားနေပြီး နေအိမ်များကိုလည်း  ဝင်ရောက် စစ်ဆေးမှုများဆက်တိုက်ရှိနေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...