ရေးမြို့နယ် လမိုင်းမြို့ နယ်ထိန်းရဲတပ်ကြပ် သေနတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံး

ရေးမြို့နယ် လမိုင်းမြို့ နယ်ထိန်းရဲတပ်ကြပ် သေနတ်ဖြင့် ပစ်သတ်ခံရပြီးသေဆုံး

ရေးမြိုနယ် လမိုင်းမြို့အထွက် လမိုင်း နှင့် ကော့ဒွတ်လမ်းကြားတွင် ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က လမိုင်းမြို့ နယ်ထိန်းရဲ တပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး  သေဆုံးသွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

လမိုင်း နှင့် ကော့ဒွတ်ကြားမှာရှိသည့်  ကားပြင်ဆိုင်တစ်ခုတွင် ကားတာယာ လာရောက်လဲနေစဉ် နယ်ထိန်းရဲတပ်ကြပ် ကိုအောင်ကျော်မင်းကို အမည်မသိ လက်နက်သမားများက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" သူက လမိုင်းမြို့အထွက် ကားတာယာလဲတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီမှာ သူ့ကားက တာယာသွားလဲတယ်ဆိုပြီး ထွက်သွားတယ် အခင်းဖြစ်တာနဲ့ ချက်ချင်းလိုက်သွားတယ်။ အဲအချိန်မှာ တစ်ယောက်မှ မရှိသေးဘူး ကိုအောင်ကျော်မင်း အဲဒီမှာ ဆုံးသွားတယ် အသက်မရှိတော့ဘူး ခေါင်းဖွင့်ထွက်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုအောင်ကျော်မင်းဟာ ကျည် အချက် ၂၀ ကျော် ပစ်သတ်ခံခဲ့ခြင်းကြောင့်  ဦးခေါင်းပွင့်ထွက်သွားပြီး ကိုယ်လက်များမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အဆိုပါ နယ်ထိန်းရဲတပ်ကြပ် သေဆုံးခြင်းမှာ ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့က လမိုင်းမြို့ ပရဟိတ အသင်းသားတစ်ဦးဖြစ်သည့် မောင်လင်းအောင် သေဆုံးခြင်းနှင့် ပတ်သက်ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၎င်းပစ်ခတ်မှုဖြစ်ပွားပြီး နာရီဝက်အကြာတွင်  ရေးဘီးလူးအဖွဲ့ဝင်က  မောင်လင်းအောင်အတွက်  အနိုင်ကျင့်ညှင်းပန်းနှိပ်စက်မှုအတွက် သုတ်သင်ခဲ့တာဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်တွင် ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် မော့ကနင်ကျေးရွာနှင့် လမိုင်းမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းသွား၊ လမ်းလာ ဆိုင်ကယ်၊ ကားများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လအတွင်းကလည်း ရေးမြို့နယ် လမိုင်း-ကော့ဒွတ်ကားလမ်းအကြား  အမည်မသိသေနတ်သမား ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆံ ၂ ချက်စီထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...