တီးတိန်မြို့တွင် နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလာ

တီးတိန်မြို့တွင် နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလာ

ချင်းပြည်နယ် တီးတိန်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးယူလုယက်မှုများလာပြီး နေ့ခင်းပိုင်းတွင်လည်း နေအိမ်ဖောက်ထွင်းမှု၊ ဆိုင်ကယ်ခိုးယူမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

“မနေ့က အိမ်ရှင် အပြင်ခဏသွားတဲ့အချိန်မှာ အိမ်အဖောက်ခံရတယ်၊ ပိုက်ဆံ ၁၀၄,၀၀၀ ကျပ် ပါသွားတယ်။ တခြားပစ္စည်းတွေတော့ ပါမသွားဘူး။ ပြီးတော့ နေ့ခင်းကြောင်တောင် ဘုရားကျောင်းတက်တဲ့အချိန်မှာတောင် ဆိုင်ကယ်တွေ အခိုးခံရတယ်၊ နာရေးလာကြတဲ့သူတွေရဲ့ ဆိုင်ကယ်တွေတောင် ခိုးကြတယ်” ဟု တီးတိန်မြို့ခံ တစ်ဦးကပြောသည်။

ခိုးဆိုးလုယက်ပြုလုပ်သူအများစုမှာ မူးယစ်ဆေးသုံးစွဲသူများဖြစ်သည်ဟုသိရပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းကာ ကုန်ဈေးနှုန်းများ အဆမတန်ကျဆင်းနေမှုတွေကြောင့် ယခင်ကထက် အိမ်ဖော က်ထွင်းမှု၊ ဆိုင်ကယ်ခိုးမှုစသည့်ဖြစ်ရပ်များ မကြာခဏဆိုသလို ကြားနေရသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများလာသည့်အတွက် တီးတိန်မြို့တွင် ရပ်ကွက်အလိုက် လူငယ်များဖွဲ့စည်းပြီး ပြည်သူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

“ဒီလိုမျိုး နိုင်ငံရေး အခြေအနေမကောင်းတာရယ်၊ စားဝတ်နေရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းမြှင့်တက်နေတာ စတာတွေ ဆက်လက်ကြုံနေရရင်တော့ ဒါမျိုးက အစပဲရှိသေးတယ်ပေါ့လေ၊ နောက်ပိုင်းမှာ ဒီထက် ပိုဆိုးလာနိုင်ခြေရှိတယ်ပေါ့နော်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ဆောက်လုပ်ရေးကွာတာ ဝန်ထမ်းနေအိမ် အဖောက်ခံရပြီး ငွေသား ကျပ် တစ်သိန်းခွဲ အခိုးခံလိုက်ရသည်အပြင် တနင်္ဂနွေနေ့ ဘုရားကျောင်းတက်နေချိန်တွင် ဆိုင်ကယ်နှစ်စီး အခိုးခံလိုက်ရသည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...