မိသားစုဝင် ၅ ဉီးအား PDF များက လည်လှီးသတ်ဖြတ် ဆိုတဲ့သတင်းအမှား

မိသားစုဝင် ၅ ဉီးအား PDF များက လည်လှီးသတ်ဖြတ် ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Yandar Maung ဆိုတဲ့ Facebook အကောင့်ကနေ “ပြင်ဉီးလွင်မြို့နယ်၊ စည်ကားကျေးရွာတွင် မိသားစုဝင် (၅) ဉီးကို ပြည်သူ့အကြမ်းဖက် PDF အဖွဲ့က ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်လိုက်ကြောင်း သိရှိရပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ယောက်က “ပိုင်ရှင်ရဲ့သားနဲ့ လုပ်သမား စကားများပြီးတော့ ပြသနာစဖြစ်တာ ညရောက်တော့ အရက်မူးနေတဲ့ ပိုင်ရှင်သားကိုသတ်ပစ်တာပဲ။ သား အိမ်ပြန်မလာလို့ အဖေက ကြက်ခြံကို လိုက်သွားတာ အဖေကိုလည်းသတ်တာ အဲ့ဒီလိုပဲ အဖေပြန်မလားလို့ သူ့မိန်းမနဲ့ကလေးတွေက ပြန်လိုက်သွားတာ အားလုံးအဲ့မှာပဲသတ်ခံရတာပဲ” လို့ ပြောပါတယ်။

“အနီးစခန်းဈေးကုန်း စည်ကားကြက်ခြံအား PDF များက ပိုက်ဆံတောင်းရာ မပေးလို့ တစ်မိသားစုလုံးကို လည်လှီးသတ်သွားတာ ၁၃နှစ် ကလေးလေး ၂ ယောက်ကိုလည်း လည်လှီးဓားနဲ့ခုတ်သွားပါတယ်။ မနေ့ညကတည်းက ဖြစ်ပွားပြီး အခုမနက်မှ သေဆုံးမှုကိုသိရတာပါ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ယောက်က “ဘယ် PDF ကမှသတ်တာ မဟုတ်ပါဘူး အချင်းချင်းစကားများပြီးဖြစ်တာပါ။ တရာခံကတော့ အခုထွက်ပြေးနေတယ်။ မဖမ်းမိသေးပါဘူး” လို့ပြောပါတယ်။

သတင်းတုသတင်းမှားတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် သတင်းတုသတင်းမှားတွေကို သေချာစွာပိုင်းခြားသိမြင်ပြီး ရွေးချယ်ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...