ကျိုက်ထီးရိုးစေတီတော်သို့ ဩဂုတ်လအတွင်း ခရီးသွားဧည့်သည် ၂၀၀၀ ကျော်သာလာရောက်

ကျိုက်ထီးရိုးစေတီတော်သို့ ဩဂုတ်လအတွင်း ခရီးသွားဧည့်သည် ၂၀၀၀ ကျော်သာလာရောက်

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း ပြည်ပ ခရီးသွား ၂၀၀၀ ကျော်သာ လာရောက် ဖူးမြှော်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်လများထက် ဩဂုတ်လအတွင်း ပြည်ပ၊ ပြည်တွင်းခရီးသွား ဝင်ရောက်မှု လျော့ကျခဲ့ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

"ဒီလက နည်းနည်းပိုလျော့သွားတယ်ဗျ၊ ဇူလိုင်လတုန်းက ၇၄၆၀ လောက် ပြည်တွင်းက လာပါတယ်။ ဇွန်လတုန်းက ၆၉၀၈ ယောက်လာပါတယ်။ အများဆုံကတော့ ဧပြီလပေါ့။ ဧပြီလမှ ၈၈၂၇၂ ဒီနှစ်အတိုင်းအတာမှာပေါ့နော်"ဟု ၎င်းက ပြောသည်။

ပြည်ပခရီးသွားများတွင် ထိုင်းနိုင်ငံမှ အဓိက လာရောက်လည်ပတ်ကြပြီး ဥရောပဘက်မှ လာရောက် လည်ပတ်သူ မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားပွဲ ရာသီ မရှိလည်း လာရောက်လည်ပတ်နိုင်ပြီး ခရီးသွားများ တည်းခိုရန်နှင့် စားသောက်နိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ခရီးသွားများ ဘုရားဖူးလာရောက်ရာတွင် အဆင်ပြေစေရန်အတွက် တည်းခိုဆောင်များ နှင့် ထမင်းဆိုင်များကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ကျိုက်ထီးရိုးတောင်တော်မှ ဈေးရောင်းသူတစ်ဦးက ပြောသည်။

"အခုက တောင်ပေါ်မှာ ပြင်ဆင်မှုတွေ လုပ်နေတယ်။ တည်းခိုဆောင်တွေ၊ ထမင်း‌ဆိုင်တွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့တွေ ညွှန်ကြားထားလို့ လုပ်နေကြတယ်"ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်တော်သို့ နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွား သန်းချီ လာရောက်ဖူးမြော် ကြသော်လည်း လက်ရှိတွင် ကိုဗစ်အခြေအနေ နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ခရီးသွားဝင်ရောက်မှု လျော့ကျလာခဲ့သည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို (၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှ ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ထိ) ၉. ၁၀. ၂၀၂၂ ရက်နေ့မှ ၃. ၅. ၂၀၂၃ နေ့အထိ (၇) လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုတ်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျိုက်ထီးရိုးတောင်တော်သို့  နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားများ သုံးသန်းခန့် ပုံမှန် ဝင်ရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...