မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UN တွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN ရုံးချုပ်ရှေ့သို့ မြန်မာတိုင်းရင်းသားပေါင်းစုံ ချီတက်ဆန္ဒပြ

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UN တွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN ရုံးချုပ်ရှေ့သို့ မြန်မာတိုင်းရင်းသားပေါင်းစုံ ချီတက်ဆန္ဒပြ
Photo- NYCBC
Photo- NYCBC

မဇ္ဈိမ။ ။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UN တွင် ဆက်လက်တည်ရှိရေးအတွက် နယူးယောက်မြို့ UN ရုံးချုပ်ရှေ့သို့ မြန်မာတိုင်းရင်းသားပေါင်းစုံ ချီတက်ဆန္ဒပြခဲ့သည်။

စက်တင်ဘာ ၁၇ ရက်နေ့တွင် Flatiron Plaza (East 23rd St. & 5th Ave) မှ UN ရုံးချုပ်ရှေ့အထိ နှစ်မိုင်ခန့်ခရီးကို နယူးယောက်မြို့လယ်ကိုဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံက ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအပြင်၊ တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေသော စစ်အကြမ်းဖက်အုပ်စုအား နိုင်ငံတကာမှ ဖယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီ ပေးကြရန် တောင်းဆိုခဲ့ကြသည်။

UN ရုံးချုပ်အနီးသို့ ရောက်ရှိလာသော ဆန္ဒပြစစ်ကြောင်းမှ မြန်မာတိုင်းရင်းသား ပြည်သူများကို နယူးယောက်ဒေသခံ အလှုရှင်များက နေ့လယ်စာများဖြင့် ဧည့်ခံကျွေးမွေး ပေးခဲ့ကြသည်။

လူဦးရေ ထောင်ချီ ပါ၀င်သည့် ဆန္ဒပြပွဲကို နယူးယောက်မြို့ရှိ NYCBCအဖွဲ့မှ ဦးဆောင်ကာ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ တက်ရောက်ခဲ့သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...