စက်သုံးဆီဈေးတက်၍ မွန်ပြည်နယ်အတွင်း ကုန်တင်ယာဉ်များ အစီးရေလျော့ချကာ ပြေးဆွဲနေ

စက်သုံးဆီဈေးတက်၍ မွန်ပြည်နယ်အတွင်း ကုန်တင်ယာဉ်များ အစီးရေလျော့ချကာ ပြေးဆွဲနေ

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် မွန်ပြည်နယ် အတွင်း က ကုန်တင်ယာဉ်များ အစီးရေလျော့ ချကာ ပြေးဆွဲနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ကားအစီးရေ လျော့ချကာ ဆက်လက်လုပ်ကိုင်နေသူများ ရှိသလို လုပ်ငန်းလုံးဝရပ်နားလိုက်သူများလည်း ရှိနေကြောင်း ဈေးကြိုမှ ကုန်တင် ယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အရင်က လေးစီးထွက်တယ်။ အခုက နှစ်စီးနား‌ထားတယ်။ ကျန်တဲ့တစ်စီးကိုပဲ အလှည့်ကျ ထွက်နေတယ်။ ဆီဈေး နှုန်းနဲ့ လမ်းကြေးတွေနဲ့က ရတဲ့ကြေးနဲ့ မကာမိဘူး ဖြစ်နေတယ်"ဟု ၎င်းက ပြောသည်။

ကုန်တင်ယာဉ်လုပ်ငန်းများ ရပ်နားသွားပါက ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်သွားမည် ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် ဒီဇယ် တစ်လီတာ ၃၂၄၀ ကျပ်ထိ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်တွင်ဒီဇယ် တစ်လီတာ ၂၈၈၀ ကျပ် ပြန်လည်ကျဆင်းခဲ့သည်။

ထို့ပြင် လမ်းခရီးတွင် စစ်ဆေးရေး ဂိတ် များ ပိုများလာကာ တင်းကြပ်ထားသောကြောင့် လမ်းခရီး နှောက်နှေးမှုများလည်း ရှိနေကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

"လမ်းမှာက တော်တော်ကြာအောင် ကားလမ်းပိတ်တယ်။ တစ်စီးကို အကြာကြီးစစ်တယ် မေးတယ်။ လမ်းကြေးလည်း ခဏခဏပေးရတယ်။ လမ်းမှာဆို ကားတွေက ပိတ်နေရော။ ပုံမှန် ညနေဆို အခုက ညပိုင်းမှ ရောက်တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများကြောင့် လုပ်သားလျော့ချမှုများ ရှိသော်လည်း တစ်ချို့လုပ်ငန်းများတွင်လုပ်ငန်းလုံးဝရပ်နား လိုက်သောကြောင့် ယာဉ်မောင်းတစ်ချို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရ ကြောင်း သိရသည်။

ထို့အတူ ညမထွက်ရအမိန့်များ၊ လုံခြုံရေးမရှိသော အနေအထားများ ကြောင့် ယာဉ်ပြေးဆွဲမှု နည်းလာကြောင်းသုံးသပ်မှုများလည်း  ရှိနေသည်။

စျေးကြိုကားဝင်းအတွင်း ကုန်တင်ကားကြီးများ ရပ်နားထားစဉ်(MNA)

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...