စစ်ကောင်စီက ချင်းပြည်နယ်မှာ အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရောင်းချမှု ဟန်ပြသာဟု ဝေဖန်ခံရ

စစ်ကောင်စီက ချင်းပြည်နယ်မှာ အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရောင်းချမှု ဟန်ပြသာဟု ဝေဖန်ခံရ

ချင်းပြည်နယ် မြို့နယ်တချို့တွင် စစ်ကောင်စီက အခြေခံစားကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုသည် ပြည်သူလူထုအပေါ်အမှန်တကယ် စိတ်စေတနာထား၍မဟုတ်ဘဲ ဟန်ပြသဘောသာဖြစ်သည်ဟု ဝေဖန်ခံနေရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က တီးတိန်မြို့ စကောလ်လမ်းရပ်ကွက် ကမ်းဟောက်ခန်းမတွင် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ အခြေခံစားသောက်ကုန်များအား ပြင်ပဈေးနှုန်းထက် ၂၀% လျှော့ချပြီး ရောင်းချပေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့ဒေသခံတစ်ဦးက “ဒါကတော့ ဟန်ပြလို့ပဲမြင်တယ်၊ ငါတို့က ပြည်သူတွေကို ဂရု စိုက်တယ်ဆိုပြီး ပြချင်တာလို့ ကျွန်တော့အနေနှင့် အဲလိုပဲမြင်မိတယ်” ဟု ပြောသည်။

စစ်ကောင်စီက ရောင်းချပေးနေသည့် ကုန်ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကုလားပဲ၊ အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်တို့ဖြစ်ကြသည်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အဖက်ဖက်က အခက်အခဲဖြစ်နေကြသော ပြည်သူများအနေဖြင့် သွားရောက်ဝယ်ကြသည်ဟု သိရသည်။

“ပြည်သူတွေကတော့ အခုတလော ငွေရေးကြေးရေးအခက်အခဲတွေဖြစ်တော့ ဈေးနှုန်းချိုတဲ့ဟာကို ဘယ်နေရာဖြစ်ဖြစ် ဝယ်ကြတဲ့သဘောလို့ပဲ မြင်ပါတယ်” ဟု တီးတိန်ဒေသခံက ပြောသည်။

စက်တင်ဘာလဆန်းပိုင်းက၍ စစ်ကောင်စီအနေနှင့် ချင်းပြည်နယ်တွင် ယခုကဲ့သို့ အခြေခံစားသုံးကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုစတင်ခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့နှင့် ဖလမ်းမြို့တွင်လည်း ပြုလုပ်ခဲ့ကြပြီဖြစ်ကာ အခြားမြို့နယ်များသို့လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...