အစင်ကျေးရွာမှဓါတ်ပုံဆရာ ကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီးသေဆုံး

အစင်ကျေးရွာမှဓါတ်ပုံဆရာ ကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီးသေဆုံး

ရေးမြို့နယ် တူးမြောင်းကျေးရွာအနီးရှိ လေယာဉ်ကွင်းဟောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အစင်ကျေးရွာမှ ဓါတ်ပုံဆရာကိုဖိုးစီ သေနတ်ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၃၈ နှစ်ခန့်ရှိ ကိုဖိုးစီ ဦးခေါင်းပွင့်ထွက်သွားပြီး ရင်ဘတ်တွင်လည်း သေနတ်ဖောက်ထွက်ဒဏ်ရာများဖြင့် ထိမှန်သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

၎င်းက "သူက ကျိုက်ဒေတမော့ပရတ်မှာ ဓာတ်ပုံသွားရိုက်ဖို့ ကားနဲ့ တက်လာပြီးတော့ ရေးနဲ့ တူးမြောင်းကြားမှာပဲ ပစ်သတ်ခံထိတယ်။ ပစ်ခံထိပြီးတော့ သူစီးလာတဲ့ ကားကိုလည်း ရေးဘီလူးအဖွဲ့က ယူသွားတယ်" ဟု ပြောသည်။

ကိုဖိုးစီကို ရေးဘီလူးအဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း စီးလာသည့် ကားကို ရေးဘီလူးအဖွဲ့မှ ယူဆောင်သွားကြောင်း ၄င်းကဆက်ပြောသည်။

ယခုသေဆုံးသူ ကိုဖိုးစီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်မြင့်၏သားဖြစ်ကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...