စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား သေဆုံးသူ ၂၂၄ ဦးရှိဟု Southern Monitor က ထုတ်ပြန်

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား သေဆုံးသူ ၂၂၄ ဦးရှိဟု Southern Monitor က ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း အတွင်း စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုကြောင့် အရပ်သား သေဆုံးသူ ဦးရေသည် ၂၂၄ ဦးအထိ ရှိနေကြောင်း Southern Monitor က ပြုစုထားသော စာရင်းများအရ သိရ သည်။

အဆိုပါ သေဆုံးသူ ၂၂၄ ဦးတို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းအထိ တနင်္သာရီတိုင်း၌ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းမှု အပါဝင် ဖမ်းဆီး ရိုက်နှက် နှိပ်စက်မှုကြောင့် သေဆုံးခဲ့သည့်အပြင် လက်နက်ကိုင် တော်လှန်ရေး ဘက် ကူးပြောင်းလာခဲ့ပြီးနောက် စစ်ရေးလှုပ်ရှားမှုများလည်း ပြင်းထန် လာကာ အရပ်သား သေဆုံးမှုသည် အရေအတွက်လည်း မြင့်တက် လာခဲ့သည်ဟု Southern Monitor က ထုတ်ပြန်ချက် အရ သိရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...