ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူ ၅ဦးကို လွတ်မြောက်နေရာသို့ ပို့ဆောင်ပေး

ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူ ၅ဦးကို လွတ်မြောက်နေရာသို့ ပို့ဆောင်ပေး

မဇ္စျ်ိမ ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံထားသူ သုံးဦးနှင့် တော်လှန်ရေးရဲဘော် နှစ်ဦးကို ကယ်ထုတ်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပခုက္ကူခရိုင်အကျဉ်းထောင်တွင် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ငါးဦးသည် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၎င်းတို့၏ အစီအစဉ်ဖြင့် အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူ ငါးဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ Young Force (UG) တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ (၂) ၊ Pakokku Ranger ၊ RSO (PKU) အဖွဲ့နှင့် သက်ဆိုင်ရာနယ်မြေခံအဖွဲ့များ ပူးပေါင်းကာ နေရာအလိုက်တာဝန်များ အသီးသီးခွဲဝေကယ်ထုတ်ပေးခဲ့ကြောင်း Young Force UG တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် န်ိုင်ငံရေးအကျဉ်းသား ငါးဦး၏ အကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ က ကယ်ထုတ်ပေးခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမက မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ အချိန်တွင် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူ ငါးဦး ကို လွတ်မြောက်ဘေးကင်းရာတစ်နေရာကို ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း Young Force UG တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသူငါးဦးကို လွတ်မြောက်နယ်မြေ ရောက်ရှိသည်အထိ နေရာ ကဏ္ဍ အသီးသီးမှ ပါဝင်ကူညီပေးခဲ့ကြသည့် မြို့နယ်ပကဖ၊ အခြားသောနယ်မြေခံအဖွဲ့အစည်းများနှင့် မဟာမိတ်တပ်ဖွဲ့များကို လွတ်မြောက်လာသည့် တော်လှန်ရေး ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...