မုံရွာတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေပိဿာချိန် ၁၀ ကျော်ပါသွားဟုဆို

မုံရွာတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေပိဿာချိန် ၁၀ ကျော်ပါသွားဟုဆို

မုံရွာမြို့တွင် နံနက်ပိုင်းက၊စစ်ကောင်စီ ကင်းစခန်းဂိတ်နှင့် ကိုက်နှစ်ရာခန့် အကွာရှိရွှေဆိုင်တစ်ခု၊ ဓားပြ တိုက်ခံလိုက်ရပြီး ရွှေပိဿာချိန် တစ်ဆယ်ကျော်ပါသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရ သည်။

ဓားပြတိုက်ခံလိုက်ရသည့်ရွှေဆိုင်သည် မြို့လယ်ခေါင်မိန်းလမ်းမကြီးပေါ်ဖွင့်ထားသည့်၊ သိန်းတစ်ရာရွှေဆိုင်ဟု သိရပြီး ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်သွားတာဗျ၊ မိုးတဖြောက်ဖြောက်နဲ့ဆိုတော့ လူကလည်းရှင်းတယ်၊ ဆိုင်တံခါး တစ်ချပ်တည်းဖွင့်ထားတာကို လူတစ်ယောက်က အရင်၀င်လာပြီး ရွှေ၀ယ်ချင်ယောင်ဆောင်တယ်၊ နောက်ကနေ သေနတ်နဲ့လေးယောက်က၀င်လာပြီး ဆိုင်၀န်ထမ်းတွေကို မြေမှာပြားပြား၀ပ်ခိုင်းပြီးဓားပြတိုက်သွားတာ” ဟု စစ်အုပ်စုသတင်းလွှင့်မှု အပေါ်ကိုးကား၍ ဒေသခံတစ်ဦးကပြောသည်။

ဓားပြများသည် အနက်ရောင်အိမ်စီးကား (Kluger) ဖြင့်ရောက်လာခြင်းဖြစ်ပြီး၊ ရွှေပိဿာချိန်တစ်ဆယ်ကျော်နှင့် ငွေသားများလုယူထွက်ပြေးကာ၊ မုံရွာအမှတ် (၁) အထက်တန်းကျောင်းအနီး ကားချင်းလဲပြီးဆက်လက်ထွက် ပြေးသွားကြောင်း စစ်အုပ်စုကသတင်းဖြန့်သည်။

“ကျောင်း၀န်းကျင်မှာ ၀ပ်ကင်းတွေရှိတယ်၊ အရပ်၀တ်နဲ့ကင်းလှည့်နေတာတွေလည်းရှိတယ်၊ အဲဒီမှာ ကားချင်း လဲပြီး၊ မျက်ခြေဖျက်သွားတယ်ဆိုတဲ့သဘော သူတို့ကသတင်းဖြန့်ထားတာ ရယ်စရာကြီး၊ ဇာတ်လမ်းဆန်လွန်း တယ်၊ ဘီယာဆိုင်ဓားပြတိုက်ခံရတုန်းကဆိုရင် လူတွေအပြင်မထွက်ရဲအောင် တဒိုင်းဒိုင်းနဲ့သေနတ်ဖောက်တယ်၊ လူရှင်းချိန်မှာ ဓားပြတိုက်သွားတာ” ဟုလည်း၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့တွင် ရွှေဆိုင် စားသောက်ဆိုင် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် စသည့်အရောင်းဆိုင်ခုနစ်ခုတို့ ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...