မြန်မာစစ်ဘေးရှောင်များ ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ပိတ်ပင်

မြန်မာစစ်ဘေးရှောင်များ ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ပိတ်ပင်

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူများအနေဖြင့် ကျေးရွာအတွင်း ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းများမပြုရန် ပိတ်ပင်ထားသည်ဟု သိရသည်။

Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်ထဲမှ ဆိုင်ဖွင့်ကာ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူ ၈ ဦးခန့်ရှိပြီး ယင်းဆိုင်များမှာ အဝတ်အထည်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်ဆီ၊ ဆံသနဲ့ ကုန်စိမ်း စသည့်ဆိုင်များဖြစ်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလာသည့်အတွက် ကျေးရွာအတွင်း ကုန်ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေသည် သာမက မူးယစ်ဆေးဝါး များပြားလာသည်ဟုဆိုကာ Farkawn ကျေးရွာ ဆိုင်ရှင်များအသင်းက ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာကော်မတီတွင် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘေးရှောင်များ ဈေးဆိုင်ဖွင့်လှစ်ခြင်းကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု Mizo Special Report အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

Farkawn ကျေးရွာအဆင့် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က ယခုလက်ရှိအခြေနေတွင် ကျေးရွာအတွင်း ခိုလုံနေကြသော စစ်ဘေးရှောင်များအနေဖြင့် ဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းသည် ရပ်ရွာအေးချမ်းခြုံလုံမှုအပေါ် ထိခိုက်လာနိုင်သောကြောင့် ပိတ်ပင်ရန်နှင့် ဆိုင်အတွင်းရောင်းချရန် သိုလှောင်ထားသော ပစ္စည်းများကိုလည်း တစ်လအတွင်း အကုန်ရောင်းချရှင်းလင်းရမည်ဟု အမိန့်ထုတ်ထားသည်ဟု Mizo Special Report တွင် ဖော်ပြသည်။

ယခုလက်ရှိ Farkawn ကျေးရွာတွင် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၇၈ စု၊ လူဦးရေ ၈၀၀ ကျော်နေထိုင်ကြပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းတက်နေကြသော ကျောင်းသူ/ကျောင်းသား ၂၃၀ ခန့်ရှိသည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...