ကလေးမြို့မှာ ကုန်ဈေးနှုန်းအတက်ကြမ်းနေလို့ ပြည်သူများ အခက်ကြုံနေရ

ကလေးမြို့မှာ ကုန်ဈေးနှုန်းအတက်ကြမ်းနေလို့ ပြည်သူများ အခက်ကြုံနေရ

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်လာသည်နဲ့အမျှ အဖက်ဖက်က ကျဆင်းလာနေသော တိုင်းပြည်စီးပွားရေးအခြေနေကြောင့် တနိုင်ငံလုံးမှာ ကုန်ဈေးနှုန်းတွေ နေ့စဉ်နဲ့အမျှမြင့်တက်နေပြီး ချင်းလူမျိုးအများစုနေထိုင်တဲ့ ကလေးမြို့မှာလည်း ကုန်ဈေးနှုန်းအတက်ကြမ်းနေလို့ ဒေသခံပြည်သူတွေ စားရေးသောက်ရေးမှာ ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

ကလေးမြို့မှာ စားသောက်ကုန်ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့အမျှ အကျမရှိဘဲ အတက်ဘက်ကိုသာ ဦးတည်နေပြီး အချို့သောကုန်ပစ္စည်းမှာ ယခင်ထက် ၃ ဆ နီးပါး မြှင့်တက်မှုလည်းရှိတယ်လို့ သိရပါတယ်။

“ဒီခေတ်ကြီးမှာ အလုပ်ကရှား၊ ကုန်ဈေးနှုန်းက တက်ဆိုတော့၊ ဘာလုပ်လို့ ဘာစားရမှန်း မသိတော့ဘူး။ ကုန်ဈေးနှုန်းတွေက ဒီမနက်ဈေးနဲ့ နေ့လယ်ဈေးတောင်မတူတော့၊ ကျဖို့ မမျှော်လင့်နဲ့ အတက်ပဲရှိတယ်။ ကုန်ဈေးနှုန်းတွေတက်လို့ မဝယ်နိုင်ဘူးဆို၊ ငတ်ဖို့ပဲကျန်တော့တာ၊ ဘယ်လိုတက်လဲ ဆိုတာ တခြားဟာတွေထားလိုက်အုံး အရင်က premier coffee တစ်ထုပ် ၁၀ဝ ကို အခု တစ်ထုပ် ၂၅၀ ပါ၊ ခုတော့ မသောက်နိုင်တော့ပါဘူး” လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ဝင်ငွေကျဆင်းပြီး အလုပ်လက်မဲ့ များလာနေချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် တိုင်းပြည်စီးပွားရေးအခြေအနေ ယိုယွင်းပျက်စီးသွားပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဆိုးရွားလာခဲ့တာလို့ သုံးသပ်ပြောဆိုကြပါတယ်။

ယခုလို ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်နေမှုကြောင့် တချို့ဆိုရင် မိသားစုအတွင်း နေ့စဉ်စားသောက်နေထိုင်မှုလည်း ပြောင်းလဲလာနေတယ်လို့သိရပါတယ်။

“အခုတော့ မိသားစုထမင်းဝိုင်းမှာ အရင်လို စားသောက်လို့မရတော့ဘူး၊ ဟင်းတစ်ခွက်နဲ့ ကျေနပ်နိုင်အောင် ကြိုးစားနေရပါတယ်၊ အရင်လို မနက်တိုင်း သွားရည်စာ မုန့်နဲ့ လဘ္လက်ရည်တောင် နေ့တိုင်း ဝယ်စားဖို့ ခက်လာပြီ” ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ စက်တင်ဘာလ ပထမပတ်အထိ ရရှိထားတဲ့ အခြေခံ နေ့စဉ်စားသောက်ကုန် ဈေးနှုန်းတချိူ့မှာ ဧရာမင်းဆန် - ကော်ချက် - ၆၅၀ဝ၀ ကျပ် ၊ နေကြာဆီ တစ်ပိဿာ ၇၀ဝ၀ မှ ၁၂၀ဝ၀ ကျပ်၊ ဆား တစ်ထုတ် - ၆၀ဝ မှ ၁၀ဝ၀ ကျပ်၊ နို့ဆီဗူး One tea - ၉၅၀ မှ ၂၃၀ဝ ကျပ်၊ Premier coffee အထုတ်ကြီးတစ်ထုတ် - ၃၀ဝ၀ မှ ၆၀ဝ၀ ကျပ်၊ Premier နို့မှုန့် တစ်ဗူး - ၁၆၀ဝ မှ ၃၅၀ဝ ကျပ်၊ Ovaltine တစ်ဗူး - ၁၁၀ဝ၀ ကျပ်၊ ကြက်ဉ - ၄ လုံး - ၁၀ဝ၀ ကျပ်၊ ကုလားပဲ ၁ ပိဿာ - ၅၅၀ဝ ကျပ်၊ အမဲသား ၁ ပိဿာ - ၁၆၀ဝ၀ ကျပ်၊ ကြက်သား ၁ ပိဿာ - ၁၂၀ဝ၀ ကျပ်၊ အာလူး ၁ ပိဿာ - ၃၀ဝ၀ ကျပ်၊ ဆပ်ပြာကုန်ကြမ်း - ၆၅၀ဝ မှ ၁၀ဝ၀ဝ ကျပ် တို့ဖြစ်ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တစ်နေ့တစ်ခြား ပိုဆိုးလာတဲ့ တိုင်းပြည်ရဲ့အခြေအနေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုအပြင် စစ်ကောင်စီအနေနဲ့ တိုင်းပြည်စီးပွားရေး ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ယိုယွင်းသထက် ယိုယွင်းလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခမျိူးစုံကို ဆက်ပြီး ခါးစည်းခံနေကြရဦးမယ်လို့ သုံးသပ်နေကြပါတယ်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...