ကျဆုံးရဲဘော် ရဲလင်းအောင်အတွက် ဩဂုတ်လ အတွင်း တိုက်ခိုက်မှုပေါင်း ၁၁ ခု MSPDF လုပ်ဆောင်၊ စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံး

ကျဆုံးရဲဘော် ရဲလင်းအောင်အတွက် ဩဂုတ်လ အတွင်း တိုက်ခိုက်မှုပေါင်း ၁၁ ခု MSPDF လုပ်ဆောင်၊ စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၄)-MSPDF မှ ဩဂုတ်လအတွင်း “ရဲလင်းအောင်စစ်ဆင်ရေး”အမည်ဖြင့် တိုက်ခိုက်မှုပေါင်း ၁၁ ခု လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။

“ရဲလင်းအောင်စစ်ဆင်ရေး”ဟု အမည်ပေးရခြင်းမှာ မြောင်မြို့နယ်၊ တမဆေးကန်ရွာတွင် မေလ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးတောက်တိုက်ပွဲအတွင်းကျဆုံးခဲ့ရသော MSPDF တပ်ဖွဲ့ဝင် အသက် ၂၃ နှစ် အရွယ် ရဲဘော်ရဲလင်းအောင်အတွက် သွေးကြွေးဆပ်သည့်အနေဖြင့် အမည်ပေးရခြင်းဖြစ်ကြောင်းဆို သည်။

MSPDF မှ ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ မုံရွာ-မန္တလေးလမ်း၊ ချောင်းဦး-မြင်းမူလမ်းပိုင်းနှင့် ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်မှု ၁၁ ခုပြုလုပ်ခဲ့ရာ ၎င်းအနက် မစ်ရှင်ခုနစ် ခုမှာ ဝေဟင်မှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး သုံးခုမှာ မြေပြင်မိုင်းဆွဲတိုက်ခိုက်မှုဖြစ်သည်။

ထို့အပြင် ကျန်မစ်ရှင်တစ်ခုမှာမူ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

၎င်းတိုက်ပွဲမှာ လွန်ခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က ရေစကြိုနယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ၌တပ်စွဲ ထားသည့် စစ်ကောင်စီတပ်အား MSPDF အပါအဝင် မဟာမိတ်တပ်များက နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် အလစ်အငိုက်ဝင်တိုက်ခဲ့သည့် တိုက်ပွဲဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၁၈ ဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ကာကွယ်ရေးတပ်ဘက်က စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSPDF မှ ရဲဘော် နှစ်ဦးနှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် (၃) မှ ရဲဘော်သုံးဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်ရေး ဒရုန်း တစ်စင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျန်ရှိရဲဘော်များမှလည်း ရဲဘော်ရဲလင်းအောင်အား လက်ရှိအချိန်အထိ လွမ်းဆွတ်တမ်းတလျှက်ရှိနေ ပြီး လုပ်ဆောင်ရန်ကျန်ရှိနေသည့်လုပ်ငန်းတာဝန်များကို ကိုယ်စား လက်ဆင့်ကမ်း တာဝန်ယူဆောင်ရွက် သွားပါမည်။ "ရဲဘော်ရဲလင်းအောင်" လိုလားတောင်းတသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီကြီးကို လည်း ကျန်ရှိရဲဘော်များမှ ပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်ရန် အတွက် စွမ်းစွမ်းတမံ တာဝန်ယူထမ်း ဆောင်သွားမည်ဖြစ်သည်ကိုလည်း "ရဲဘော်ရဲလင်းအောင်" ငြိမ်းချမ်းစွာအနားယူနိုင်ပါရန် ကတိသစ္စာပြု အပ်ပါသည်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၄) - MSPDF မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...