အလုံမြို့နယ်ရှိ တိုက်တစ်တိုက်အား ဧည့်စာရင်းစစ်ရာမှ လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

အလုံမြို့နယ်ရှိ တိုက်တစ်တိုက်အား ဧည့်စာရင်းစစ်ရာမှ လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့်ငုဝါလမ်းထောင့်ရှိ တိုက်တစ်တိုက်အား သြဂုတ်လ ၃၁ ရက်နေ့က ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်သံများလည်းထွက်ပေါ်ခဲ့ပြီး အဆိုပါနေ့က လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်သည့်ညတွင် ၎င်းတိုက်အား စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအများအပြားဖြင့် ဝိုင်းထားကာ အချိန်အတော်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်းကို ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ငါးလွှာ၊ ခြောက်လွှာကို ပစ်တာ၊ ပိတ်ပြီးဖမ်းတာ၊ ဒလန်ကြောင့်၊ သေတယ်လည်းပြောသလို မသေဘူးလည်းပြောကြတယ်၊ အဖမ်းခံရတဲ့သူတွေတော့ရှိတယ်။” ဟူ၍ဖြစ်သည်။

အဖမ်းခံရသူများ၏ နောက်ဆက်တွဲ သတင်းအချက်အလက်များကို အတိအကျမသိရှိရသေးသော်လည်း ဖြစ်စဉ်ကြောင့် သုံးဦးမှ ခြောက်ဦးအထိ အဖမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် တိုက်ခေါင်မိုးပေါ်တက်ကာ ပုန်းရှောင်သည့် သူလည်းရှိသလို နောက်ဖေးလမ်းကြားထဲ ခုန်ချသွားသူများလည်းရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပေ။

ထို့နောက်တွင်မူ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များက ဆင်မင်းလမ်းနှင့် ငုဝါလမ်းနောက်ဘက်ရှိ ရထားသံလမ်းတွင်လည်း ရှာဖွေမှုများပြုလုပ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်နေချိန် သြဂုတ်လ ၃၁ ရက်ညပိုင်းက မြို့နယ် ရှစ်ခုကျော်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သလို အခြားသောမြို့နယ်များတွင်လည်း တစ်ကျော့ပြန် ဧည့်စာရင်းစစ်ဆေးမှုများအား ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...