NCAလက်မှတ်ထိုးထားသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲခံရ

NCAလက်မှတ်ထိုးထားသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲခံရ

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဗဟိုဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်စခန်းဝန်းထဲရှိ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနေအိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီခရိုင်၊ မြဝတီ-ဝေါလေ ကားလမ်းမဘေးရှိ DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်စခန်းရှိ ၎င်းနေအိမ်ကို စက်တင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဗုံကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“ထိခိုက်မှုတော့မရှိဘူး နည်းနည်းပဲပျက်စီးသွားတာပါ၊ အိမ်ဘေးကို ကျတာပါ၊ သူ့ (ဗိုလ်ချုပ်ကြီးစောစတီး) အိမ်နားမှာက စစ်ကောင်စီတပ်သားတွေရှိတယ်လေ၊ အဲဒါကြောင့် ဗုံးကြဲတာနေမှာ၊ လောလောဆယ်သူမရှိဘူး”ဟု အမည်မဖော်လိုသူ DKBA အရာရှိတစ်ဦးမှပြောသည်။

မြေပြင်သတင်းများအရ ဗိုလ်ချုပ်ကြီးစောစတီးသည် သူ့လက်အောက် တပ်ခွဲတစ်ခွဲနှင့်အတူ ပျောက်ဆုံးနေကြောင်းသိရှိရပြီး အဆိုပါ သတင်းကို မဇ္ဈိမမှ သီးခြားအတည်မပြုနိုင်သေးပါ။ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းကိုလည်း မသိရှိရသေးပေ။

လတ်တလောတွင် စစ်ကောင်စီတပ်သားများသည် သုံးထပ်ကွေ့ဒေသကို ထိုးစစ်ဆင်နိုင်ရန် ဖလူးကျေးရွာမှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသလို ဥကရိထစစ်ကောင်စီစခန်းမှလည်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာကာ (DKBA) ဗဟိုဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်စခန်းထဲတွင် အထိုင်နေရာယူထားကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...