ရွှေ့ပြောင်းလုပ်သားများအတွက် အသိအမှတ်ပြုကတ်များ စက်တင်ဘာလကုန်တွင် ထုတ်ပေးနိုင် NUG ကြိုးစားနေ

ရွှေ့ပြောင်းလုပ်သားများအတွက် အသိအမှတ်ပြုကတ်များ စက်တင်ဘာလကုန်တွင် ထုတ်ပေးနိုင် NUG ကြိုးစားနေ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ပအလုပ်ကိုင် အသိအမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ကို စက်တင်ဘာလကုန်တွင် ထုတ်ပေးနိုင်ရေးကြိုးပမ်းနေသည်ဟု NUG အလုပ်သမားရေးဝန်ကြီးဌာနက သိရသည်။

လက်ရှိအချိန်တွင် လုပ်ငန်းစီမံချက် (Project) ရေးဆွဲခြင်း၊ Project ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (Action Plan) ရေးဆွဲ ခြင်း၊ NUG ထံတင်ပြ၍ မူဝါဒလမ်းညွှန်မှုခံယူခြင်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းတို့ကို ပြုလုပ်နေကြောင်းဆိုသည်။

ထို့အပြင် OERC ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်သူသို့ အသိပေးကြေညာခြင်း၊ Online Survey Form (Application) နှင့် Card Design ရေးဆွဲခြင်း၊ လုပ်ငန်းစဉ်အပေါ် SWOT Analysis ပြုလုပ်သုံးသပ်ခြင်း၊ ကြုံတွေ့လာနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ပြီးဖြစ်သည်ဟုလည်း သိရသည်။

သို့သော်လည်း စစ်တမ်းကောက်ယူခြင်းနှင့် OERC ထုတ်ပေးခြင်းလုပ်ငန်းစဉ်အတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် OERC ကိုယ်စားလှယ်များ တာဝန်ပေးခန့်အပ်ခြင်း၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့်စည်းမျဉ်း သတ်မှတ်ချက်များရေးဆွဲခြင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်မည့် အသေးစိတ်သတင်းအချက်များ ထုတ်ပြန်ကြေညာခြင်းများပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း အလုပ်သမားရေးဝန်ကြီးဌာနမှသိရသည်။

OERC ကတ်ပြုလုပ်ပေးမည့် ပထမဆုံး Pilot Project အတွက် မလေးရှားနိုင်ငံမှ လုပ်သားများကို စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ ပထမဆုံး pilot project အနေနဲ့ မလေးရှားမှာစတင်ပါမယ်။ ပြီးရင်တော့ မြန်မာ အလုပ်သမားတွေ အများစုရှိတဲ့ နိုင်ငံတွေမှာ ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု NUG ၏ အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းတို့၏ အသိအမှတ်ပြုကတ်ပြားအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းမှုများပြုလုပ်နေပြီ ဖြစ်ကြောင်းသိရသည်။

ရွှေ့ပြောင်းလုပ်သားအများစုရှိနေသည့် နိုင်ငံတိုင်းတွင် ကတ်ပြားများထုတ်ပေးရန် စီစဉ်ထားသော်လည်း လုပ်သားများက မိမိကိုင်ဆောင်မည့် ကတ်ကို ရွေးချယ်ခွင့် ရှိသည်ဟု NUG အလုပ်သမားရေးဝန်ကြီးက ဆိုသည်။

ပြည်ပအလုပ်ကိုင် အသိမှတ်ပြုကတ် (Overseas Employment Registration Card – OERC) ကို ယခင်က ထုတ်ပေးနေသည့်ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Oversea Worker Identification Card – OWIC) နေရာတွင် အစားထိုးအသုံးပြုနိုင်မည်ဖြစ်သည်။

“ ဒီကတ်က အရင်ထုတ်ပေးနေတဲ့ OWIC ကတ်နေရာမှာ အစားထိုးပြီးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီကတ်ကိုင်ဆောင်ထားသူအလုပ်သမားတွေ အခက်အခဲ အန္တရာယ်တွေ ကြုံရရင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ကူညီမှုတွေလုပ်ပေးမှာပါ ” ဦးကျော်နီကပြောသည်။

ပြည်ပနိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းအလုပ်သမားများ အဖြစ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံလူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့် ရှိနေကြောင်းသိရသည်။

အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံ၌ပင် တရားဝင်သာမက တရားမဝင်အလုပ်သမားအဖြစ်ပါ မြန်မာနိုင်ငံသား အများအပြားသွားရောက်လုပ်ကိုင်လျက်ရှိနေသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...