ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ သေနတ်ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ သေနတ်ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် စက်တင်ဘာ ၆ ရက် ည ၈ နာရီခန့်က လုံခြုံရေးကင်းပုန်းဝတ်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေနတ်ပစ်ခတ်ခံခဲ့ရ၍ ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဆိုင်ကယ်စီးနင်း လာသည့် အမည်မသိ လက်နက်ကိုင်၂ ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်တစ်ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးက ပြင်းထန် ဒဏ်ရာရရှိခဲ့သောကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေး ကုသမှု ခံယူနေကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ ည ၈ နာရီလောက်မှာ ရွာသစ်ပိုင်း လမ်းထိပ်မှာ ကင်းကျနေတဲ့အချိန်လောက်ပဲ၊ ဝင်ပစ်ခံရတာ၊ လာပစ်တဲ့သူတွေက လူငယ်ပိုင်းတွေပဲ၊ သူတို့နှစ်ယောက်ဝင်ပစ်တာတော့ ပြောတယ်၊ ဆိုင်ကယ်နဲ့ လာကြတာလေ။ အဲဒီမှာ ပြည် သူ့စစ် ကိုသက်နိုင်က ပွဲချင်းပဲ၊ ကိုစိုးသန်းနဲ့ နောက်တစ်ဦးက ဗိုက်နဲ့ လက်ဖျံထိထားလို့ အခု မော်လမြိုင်ဆေးရုံမှာ ဆေးကုနေတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့ သုံးဦးလုံးသည် အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိသည့် ဒေသခံပြည်သူ့စစ်များ ဖြစ်ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဒေသခံအမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားသည်ကို မသိရှိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများ၏ပြောဆိုချက်အရ သိရသည်။

သို့ရာတွင် ၄င်းဖြစ်စဥ်အပေါ် အာဏာပိုင်များထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ပေါင်မြို့နယ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးနှင့်အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...