ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ သေနတ်ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ သေနတ်ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် စက်တင်ဘာ ၆ ရက် ည ၈ နာရီခန့်က လုံခြုံရေးကင်းပုန်းဝတ်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေနတ်ပစ်ခတ်ခံခဲ့ရ၍ ၁ ဦးသေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဆိုင်ကယ်စီးနင်း လာသည့် အမည်မသိ လက်နက်ကိုင်၂ ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်တစ်ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦးက ပြင်းထန် ဒဏ်ရာရရှိခဲ့သောကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေး ကုသမှု ခံယူနေကြောင်း ဒေသခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

“ ည ၈ နာရီလောက်မှာ ရွာသစ်ပိုင်း လမ်းထိပ်မှာ ကင်းကျနေတဲ့အချိန်လောက်ပဲ၊ ဝင်ပစ်ခံရတာ၊ လာပစ်တဲ့သူတွေက လူငယ်ပိုင်းတွေပဲ၊ သူတို့နှစ်ယောက်ဝင်ပစ်တာတော့ ပြောတယ်၊ ဆိုင်ကယ်နဲ့ လာကြတာလေ။ အဲဒီမှာ ပြည် သူ့စစ် ကိုသက်နိုင်က ပွဲချင်းပဲ၊ ကိုစိုးသန်းနဲ့ နောက်တစ်ဦးက ဗိုက်နဲ့ လက်ဖျံထိထားလို့ အခု မော်လမြိုင်ဆေးရုံမှာ ဆေးကုနေတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့ သုံးဦးလုံးသည် အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိသည့် ဒေသခံပြည်သူ့စစ်များ ဖြစ်ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ဒေသခံအမျိုးသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ထားသည်ကို မသိရှိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများ၏ပြောဆိုချက်အရ သိရသည်။

သို့ရာတွင် ၄င်းဖြစ်စဥ်အပေါ် အာဏာပိုင်များထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ပေါင်မြို့နယ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးနှင့်အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...