စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အရပ်သားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အရပ်သားတစ်ဦးသေဆုံး

ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) တွင် ညနေပိုင်း ၄ နာရီကျော်ကျာ်ခန့်က စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ကျည်ဆံထိမှန်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်း၊ မြို့လှရပ်ကွက်မှ စက္ကန့်နှင့် လက်ပံခုံကျေးရွာဘက်သို့သွားသည့် လမ်းခွဲတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အပြန်လမ်းတွင် ၎င်းတို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေနတ်များရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) မှ အသက် ၅၀ အရွယ်ခန့်ရှိသော ချင်းအမျိုးသားတစ်ဦးသည် ဘုရားကျောင်းထဲသို့ ပြေးဝင်နေစဉ်တွင် ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး မြို့လှရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိ (မစိုးရိမ်ရ) ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ညနေပိုင်း ၅ နာရီခန့်ကလည်း တာဟန်းရပ်ကွက်နေကြာတိုက်အနီးတဝိုက်တွင် သေနတ်ပစ်ခတ်သံများကြားရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...