စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အရပ်သားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အရပ်သားတစ်ဦးသေဆုံး

ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) တွင် ညနေပိုင်း ၄ နာရီကျော်ကျာ်ခန့်က စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ကျည်ဆံထိမှန်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်း၊ မြို့လှရပ်ကွက်မှ စက္ကန့်နှင့် လက်ပံခုံကျေးရွာဘက်သို့သွားသည့် လမ်းခွဲတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် အပြန်လမ်းတွင် ၎င်းတို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေနတ်များရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ) မှ အသက် ၅၀ အရွယ်ခန့်ရှိသော ချင်းအမျိုးသားတစ်ဦးသည် ဘုရားကျောင်းထဲသို့ ပြေးဝင်နေစဉ်တွင် ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး မြို့လှရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိ (မစိုးရိမ်ရ) ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ညနေပိုင်း ၅ နာရီခန့်ကလည်း တာဟန်းရပ်ကွက်နေကြာတိုက်အနီးတဝိုက်တွင် သေနတ်ပစ်ခတ်သံများကြားရသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း သိရသည်။

April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...