မြောက်ဦးမြို့မစျေးကြီးကို စစ်ကောင်စီမှ မိုင်းရှင်းလင်းရန်အတွက်ဟုဆိုကာ စျေးဆိုင်များပိတ်ခိုင်း

မြောက်ဦးမြို့မစျေးကြီးကို စစ်ကောင်စီမှ မိုင်းရှင်းလင်းရန်အတွက်ဟုဆိုကာ စျေးဆိုင်များပိတ်ခိုင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြို့မစျေးကြီးကို စစ်ကောင်စီမှ မိုင်းရှင်းလင်းရန်ရှိသည့်အတွက်ဟုဆိုကာ စျေးဆိုင်များကို ပိတ်ခိုင်းခဲ့သည်ဟု ဆိုင်ရှင်များက ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စျေးသည်များ ဆိုင်ခန်းများကိုဖွင့်ရန်ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက စျေးသည်များကို ဆိုင်ခန်းများ ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့က စျေးဖွင့်ဖို့သွားတာတော့မဟုတ်ပါဘူး၊ တချို့အခြေခံစားသောက်ကုန်ဆိုင်တွေက ဖွင့်ဖို့လုပ်ကြပါတယ်၊ စျေးမှာစစ်သားတွေ နေနေတယ်ဆိုတော့ စိတ်ပူလို့ ဆိုင် ခန်းကပစ္စည်းတွေကို သွားကြည့်တာပါ၊ ခဏနေတော့ သူတို့မိုင်းရှာဖို့ရှိတယ်၊ ဆိုင်ခန်းတွေကို ပိတ်ပေးလို့ပြောလာတယ် ” ဟု စျေးသည်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက စျေးဆိုင်ခန်းများကို ပိတ်ခိုင်းသည့်အတွက် ဆိုင်ခန်းများကိုပိတ်ပြီး အိမ်ပြန်လာရသည်ဟု စျေးသည်တစ်ဦးကပြော သည်။

မြောက်ဦးမြို့၊ မြို့မစျေးကြီးအတွင်း မိုင်းရှင်းလင်းရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်သားများရှိနေသည့်အတွက် ဆိုင်ခန်းအတွင်းပစ္စည်းများကို စိတ်ပူသည်ဟုဆိုကာ ပစ္စည်းများကို အိမ်သို့ပြောင်းရွှေ့ထားသူများလည်းရှိနေသည်။

“ စျေးအတွင်းမှာ သူတို့ရှိနေတော့ ပစ္စည်းတွေကိုမထားရဲတော့ဘူး၊ ဆိုင်လည်းမဖွင့်ရဲဘူး၊ စျေးအတွင်းက စျေးသည်တွေအကုန်းလုံးမှာလည်း ပစ္စည်းတွေကို အိမ်ကိုပြောင်းရွှေ့နေကြပြီ၊ ကျွန်မတို့က ပစ္စည်းအချို့ကိုသာပြောင်းရသေးတယ်၊ ကျန်သေးတဲ့ပစ္စည်းတွေကို ပြောင်းနေကြရပါတယ် ” ဟု အခြားစျေးသည်တစ်ဦးကလည်း ပြောသည်။

စက်တင်ဘာလ ၃ ရက်ညပိုင်းအချိန်တွင် မြောက်ဦးမြို့အတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သေးသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် စက်တင်ဘာလ ၄ ရက်နေ့ကတည်းက မြောက်ဦးမြို့မစျေးကြီးအား ပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...