“အိန္ဒိယနိုင်ငံအစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေများကို ဖမ်းဆီးပေးနေပြီ ဖြစ်သောကြောင့် ပြေးစရာမြေသာရှာကြပေတော့” ဆိုတဲ့သတင်းအမှား

“အိန္ဒိယနိုင်ငံအစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေများကို ဖမ်းဆီးပေးနေပြီ ဖြစ်သောကြောင့် ပြေးစရာမြေသာရှာကြပေတော့” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံအစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေများကို ဖမ်းဆီးပေးနေပြီဖြစ်သောကြောင့် ပြေးစရာမြေသာရှာကြပေတော့” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

 

ဒီဖမ်းဆီးမှုကို သေချာစုံစမ်းတဲ့အခါမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ချူရာချန်ပူရ်ခရိုင်ထဲမှာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ပါရှိတဲ့သူတွေဟာ သာမန်ယက္ကန်းသမားတွေသာဖြစ် ကြပြီး အကြမ်းဖက်သမားတွေမဟုတ်ကြပါဘူး။

မဏိပူရ်ပြည်နယ်ထဲမှာတော့ ယခုလို ယက္ကန်းသမားတွေ ဖမ်းဆီးချုပ်နှောင်မှုတွေကတော့ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ အဲဒီမှာရှိတဲ့ယက္ကန်းသမားတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားတွေဟာ စစ်ကောင်စီရဲ့ဘေးရန်ကနေလွတ်မြောက်ဖို့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ကို အများစုထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ပို့ဖို့ မီဇိုရမ်ပြည်နယ်အစိုးရကို အိန္ဒိယဗဟိုအစိုးရက ဖိအားပေးတာမျိုးရှိခဲ့ပါတယ်။  

ဒါပေမဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်ငါက သူ့ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လည်ပို့ဆောင်မှာမဟုတ်ဘူးလို့ အိန္ဒိယဗဟိုအစိုးရကို တုံ့ပြန်ခဲ့ပြီး ဒီနေ့အချိန်ထိ လက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းတွေဖွင့်လှစ်ကာ ပြုစုစောင့်ရှောက်ထားတာဖြစ်ပါတယ်။

 

ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေဖော်ပြထားသလို အိန္ဒိယနိုင်ငံ အစိုးရမှလည်း အကြမ်းဖက် အဖျက်သမား ပြည်ပြေများကို ဖမ်းဆီးပေးနေတာမဟုတ်ပါဘူး။

    

စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။  ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...