ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ပေါက်ကွဲမှု ဖြစ်ပွား

ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်-မော်လမြိုင် ကားလမ်းမ‌ကြီး ဘေးရှိ ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဩဂုတ်လ ၂၈ ရက် ည ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

"အသံအကျယ်ကြီး အရင်ဆုံးကြားတာ ချက်ချင်းတော့ မထွက်ကြည့်ဘူး။ ခဏနေမှ ထွက်ကြည့်ကြတာ ရုံးထဲက မီတာခကောက်နေကြ ကောင်တာနားမှာ ပေါက်တာလို့ ပြောတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် ရုံးအဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များမှ လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်အင်ဂျင်နီယာရုံးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့သေးသည်။ သို့သော်လည်း ပေါက်ကွဲမှုကြောင့် လူ နှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

Most read this week

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...