တီးတိန်မြို့ရှိ စသုံးလုံးရုံးပေါက်ကွဲမှုဖြစ်

တီးတိန်မြို့ရှိ စသုံးလုံးရုံးပေါက်ကွဲမှုဖြစ်

ချင်းပြည်နယ်၊ တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်တွင် ယမန်နေ့ညက စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ရုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့တွင် လုံးခြုံရေးတင်းကြပ်ကာ စစ်သားများ ကားနှင့် လှည့်လည်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက “မနေ့ညက ဗုံးပေါက်ကွဲပြီး ဒီနေ့တော့ ကားနှင့် စကစ စစ်သားတချို့ လက်နက်တွေကိုင်ပြီး မြို့ထဲလှည့်လည်ပြီး လမ်းသွားလမ်းလာတစ်ချို့ကိုလဲ စစ်ဆေးမေးမြန်းတာတွေလုပ်တယ်” ဟု ပြောသည်။

တီတိန်းမြို့ရှိ စသုံးလုံးရုံးသည် ရုံးတက်သူမရှိ၍ လူနေထိုင်ခြင်းမရှိဟု သိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရရှိသူ မရှိဟု သိရသည်။

ဒေသခံတစ်ဦးက “မနေ့ညက အသံအကြယ်ကြီးနဲ့ ဗုံးပေါက်ကွဲသံ ကြားရတယ်၊ မြေကြီးတောင် ခါသွားတယ်။ အဆောက်အအုံကတော့ ပျက်ဆီးသွားတယ်။ အဲရုံးက လမ်းမကြီးရဲ့ အထက် တောင်ကုန်းပေါ်မှာရှိတာဆိုတော့ အနီးအနား ထိခိုက်တာတော့ မရှိဘူး။ လမ်ပေါ်ထိ ပြတင်းပေါက်မှန်ကွဲစတွေတော့ လွင့်သွားတာတော့ ရှိတယ်။ ဘယ်အဖွဲ့က လာရောက်ဖောက်ခွဲတယ် ဆိုတာတော့ မသိရသေးဘူး။” ဟု ပြောသည်။

စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတစ်ခုဖြစ်သည့် Fifty two Media မှ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူနေထိုင်ခြင်းမရှိသည့် စသုံးလုံးရုံးအား CDF များ လာရောက်ဗုံးထောင် ဖောက်ခွဲခြင်းဖြစ်သည်ဟု ၎င်းတို့၏ Telegram စာမျက်နာပေါ်တွင် ဖော်ပြသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...